အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ

4.2K 353 20
                                    

အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ

Unicode

[တစ်ယောက်သောသူအတွက်စေ့စပ်ပွဲကိုလက်ခံလိုက်ခြင်း]

အဝေးပြေးလမ်းမထက်တွင်မိုင် ၂၀၀နှုန်းဖြင့်ပြေးနေရှာသောအနက်ရောင် BMWကားလေးထဲရှိ တစ်စုံတစ်ယောက်ကတော့ အပူတပြင်းဖြစ်လို့နေသည်။ ကားမောင်းတဲ့အရှိန်မှာပြင်းလွန်းတာကြောင့် တချို့ကားသမားတွေဆိုရင်ဆဲရေးတိုင်းထွာလာကြလေရာ လမ်းအချိုးအကွေ့များတွင်လည်း ထိုကားလေးကအရှိန်လျှော့သွားခြင်းမျိုးမရှိခဲ့ပေ။

ထိုစဥ် သူ၏ဖုန်းကမြည်လာခဲ့သဖြင့်ပိုင်စစ်က Bluetooth earphoneကိုတပ်လိုက်ပြီးနောက်ဖုန်းပြန်ဖြေလိုက်လေ၏။

"ပြောပါ"

"ကျနော်တို့က ပြင်ဦးလွင်မြို့အဝင် Toll gateကဝန်ထမ်းတွေပါ။ အဲ့ဘက်ကတားခိုင်းထားတဲ့ကားနံပါတ်နဲ့ကားအမျိုးအစားတထပ်တည်းကျတဲ့ကားကိုကျနော်တို့တားထားပြီးပါပြီ......"

"Ok ကျနော် နောက်နာရီဝက်ဆိုရောက်ပါပြီ။ကျနော်မရောက်ခင်အထိ အဲ့ကားပေါ်ကလူကို သေချာထိန်းသိမ်းထားပေးပါ။"

"ဟုတ်ကဲ့ပါ"

"တာဝန်ကျေပါတယ်"

ပိုင်စစ်ကဖုန်းချလိုက်ပြီးနောက် သူ၏အရှိန်ကိုထပ်တင်လိုက်ပြန်လေသည်။သူမောင်းနေတဲ့အမြန်နှုန်းမှာ ကားတစ်စီးမောင်းနေသည်နှင့်မတူ ဂျက်လေယာဥ်တစ်စီးမောင်းနှင်သည်နှင့်ပိုတူနေပေသည်။

"ချီးတဲ့မှ !!!ခများဘယ်လိုမောင်းနေတာလဲ အကုန်တိုက်ပြီးသေကုန်တော့မှာပဲ!!!!"

ကားတစ်စီးကကားမှန်ချကာ အော်ကြီးဟစ်ကျယ်ဆိုလေသည်။ပိုင်စစ်ကထိုသို့ဆဲရေးတိုင်းထွာသံကြားတော့ သူ၏နှုတ်ခမ်းတို့ကိုမဲ့ပြုံးပြုံးလိုက်ပြီးနောက် ထိုကားကိုကျော်တက်လိိတော့ကာ ထိုကားရှေ့ကနေငါးမိနစ်ကြာပိတ်မောင်းလိုက်တော့လေသည်။

"ခွေးမသား!"

နာရီဝက်ကြာတော့ အနက်ရောင်ကားလေးကို ပြင်ဦးလွင် Toll gate၌ ဘရိတ်ကိုပြင်းပြင်းနင်းကာထိုးရပ်လိုက်တော့သည်။ ကားမောင်းလာတဲ့အရှိန်က ပြင်းလွန်းတာကြောင့်ဘရိတ်နင်းပြီးကားထိုးရပ်လိုက်တဲ့အခါ သူ့အားအသင့်စောင့်ဆိုင်းနေကြသော ဝန်ထမ်းများအပေါ်သို့ မြေပြင်ပေါ်မှဖုန်အလုံးလိုက်ကြီးကဖုံးလွှမ်းသွားတော့လေသည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Opowieści tętniące życiem. Odkryj je teraz