အခန်း (၃၈) - သူမ၏သူ

4.2K 335 10
                                    

အခန်း (၃၈) - သူမ၏သူ

Unicode

[မင်းခန့်ထည်ရဲ့ခွင့်လွှတ်ခြင်း ]


မင်းခန့်ထည်တစ်ယောက်ဆေးရုံမှပြန်လာတဲ့လမ်းတစ်လျှောက်လုံးတိတ်ဆိတ်နေကာ
တွေဝေငေးမောနေခဲ့သည်။
ရှိုင်းဇေယံရဲ့လက်ဖျားကလေးတွေဟာလည်းမင်းခန့်ထည်ရဲ့နွေးထွေးသောတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမှုကြောင့်ချွေးသီးလေးများပင်လျှင်ရွှဲနစ်လို့နေရှာသည်။

သူ့ချစ်သူက ဆေးရုံကနေစထွက်လာကတည်းက သူ့လက်တွေကိုဆုပ်ကိုင်ထားသည်မှာယခုချိန်ထိတိုင်မလွှတ်ပေးသေးပေ။အလွန်ထူးဆန်းနေတာကြောင့်သူသူ့ချစ်သူကိုတိတ်တခိုးတစ်ချက်ရှုကြည့်လိုက်ပြီးနောက်ထပ်လျက်ရှိသောလက်ဖဝါးနှစ်ဖက်ကိုမကွဲမကွာထပ်ထားစေလျက် တစ်ယောက်သောသူဘေးနား၌ငြမ်ငြိမ်ကလေးထိုင်နေလိုက်တော့သည်။

နံပါတ်၇၀ကားလေးကကျောင်းရှေ့ကားဂိတ်ကိုဆိုက်လာတော့ နှစ်ဦးသားကျောင်းရှေ့၌ဆင်းလိုက်ကြတဲ့အခါ မင်းခန့်ထည်ကရှိုင်းဇေယံလေးအားကျောင်းရှေ့ကွန်ကရစ်လမ်းလေး၌အတူတူလမ်းလျှောက်ရန်ခေါ်လေသည်။

ထို့နောက်အနှီလူသားကသူ့ရဲ့လက်တစ်ဖက်ကိုတဖန်ဆွဲကိုင်လိုက်ပြန်ကာ ကွန်ကရစ်လမ်းလေးအတိုင်းဆက်လျှောက်လှမ်းနေလိုက်သည်။လေညှင်းလေးတွေတိုးဝှေ့သွားတဲ့အခိုက် မလေးရှားပိတောက်ပင်ယံထက်ကသစ်ရွက်လေးတွေအချင်းချင်းပွတ်တိုက်သွားတဲ့အသံတွေဟာမရပ်မစဲတသဲသဲထွက်ပေါ်နေလျက်ရှိပြီး သစ်ရွက်ခြောက်ကလေးတွေကြွေကျသံကိုလည်းတစ်စွန်းတစ်စကြားနေရသည်။မလေးရှားပိတောက်ပန်းရဲ့အပွင့်အစေ့လေးတွေကသူတို့ခြေဖဝါးအောက်ကကွန်ကရစ်လမ်းထက်မှာခြေချစရာနေရာမရှိအောင်ပျံ့ကျဲလို့နေလျက်။

ညနေစောင်းမို့နေရောင်ခြည်ကျိုးတိုးကျဲတဲလေးကသစ်ပင်တွေကြားကနေတိိုးဝှေ့ဖြာကျနေကာ ကွန်ကရစ်လမ်းလေးပေါ်မှာကျရောက်နေတဲ့ကောင်လေးနှစ်ယောက်ရဲ့ပုံရိပ်လေးဟာ မခွဲမခွာစတမ်းအတူတူရှိနေခဲ့ကြသည်။ရှိုင်းကပူးကပ်နေတဲ့ထိုအရိပ်လေး၂ခုကိုတိတ်တဆိတ်ဓာတ်ပုံရိုက်လိုက်ရင်းအမှတ်တရအဖြစ် သူ့ရဲ့ဖုန်းမမ်မိုရီထဲမှာမပျောက်မပျက်သိမ်းဆည်းထားလိုက်ပေ၏။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now