အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်

4.1K 363 24
                                    

အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်

Unicode

[ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း ]

တောက်!

'ကိုကိုကငါ့ကိုပစ်သွားတာ သူတို့ကြောင့်ပေါ့လေ!!!'

ကားပေါ်၌ နန်းယမုံတစ်ယောက်မလိုမုန်းတီးစွာသောင်းကျန်းလို့နေကာသူမ၏စူးရှရှမျက်ဝန်းတို့ဟာ အစိမ်းရောင်သုတ်ထားသောဆိုင်အတွင်းရှိစတီးခုံဝိုင်း၌ရယ်မောပျော်ရွှင်နေကြသောလူတစ်စုဆီသို့စူးစိုက်ကြည့်နေခဲ့သည်။ပြီးနောက် ကျောင်းရှေ့မှကားတစ်စီးကအရှိန်အဟုန်ဖြင့်မောင်းထွက်သွားတော့လေသည်။

"ကိုခန့်ပြောတော့မလာဘူးဆို"

"ကိုယ်အဲ့လိုပြောမိလို့လား?"

မင်းခန့်ထည်ကမသိချင်ယောင်ဆောင်ပြီးသူမပြောသလိုပုံစံနှင့်သရုပ်ဆောင်နေတဲ့အခါ ရှိုင်းဇေယံက နှုတ်ခမ်းလေးဆူလိုက်ကာထမင်းပေါင်းထဲမှအသားတုံးလေးများအားဟိုခပ်ထုတ်ဒီခပ်ထုတ်လုပ်နေရှာသည်။

ဒါကိုမြင်တော့မနေနိုင်တော့တဲ့မင်းစက်က မင်းခန့်ထည်တို့နှစ်ယောက်ဘက်လှည့်ကာဆိုသည်။

"ကဲ ... ဟိုနှစ်ယောက် ဒီနေ့က ကလျာ့မွေးနေ့နော်။ဒီမှာတော့ စိတ်မကောက်ကြနဲ့ဦး အဆောင်ပြန်ရောက်မှအေးအေးဆေးဆေးကောက်ကြ"

ထိုစဥ်ဟန်လင်းထက်ကတော့မြေအိုးထဲမှမြီးရှည်ဖတ်များကိုအဖြူရောင်ကြွေထည်ပန်းကန်လုံးလေးထဲသို့ခူးခပ်ထည့်လိုက်ရင်းမင်းစက်ရှေ့သို့တူတစ်စုံနဲ့အတူအဆင်သင့်ချပေးလာသည်။
နေသူရိန်ကမူ လက်ဖက်သုပ်ထဲကငရုတ်သီးစိမ်းတွေကို ဘာစိတ်ကူးပေါက်မှန်းမသိဝါးစားပြီးတရှူးရှူးတရှဲရှဲဖြစ်နေရှာသော ဘဲနှုတ်ခမ်းထော်ထော်နဲ့ဆက်နောင်ခအတွက် Pepsiတစ်လုံးကို Clickမှဖောက်လိုက်ပြီးနောက်ဖန်ခွက်တစ်လုံးထဲထည့်ကာ ကမ်းပေးလိုက်ရင်း ဆက်နောင်ပါးပြင်ပေါ်မှမျက်ရည်များကိုသုတ်ပေးနေရှာသည်။

ပျားရည်နဲ့သကာရည်ပေါင်း၍လောင်းထားသလားအောက်မေ့ရသည့်ချိုမြိန်မှုအပေါင်းခညောင်းနေသောထိုစုံတွဲများရှေ့တွင်ခွေးစာနင်ပြီးဘာမှမစားနိုင်မသောက်နိုင်ဖြစ်နေရှာတဲ့ငှက်ပျောတုံးဖက်သူရဲကောင်းမကြီးသုံးယောက်ကတော့ မျက်ရည်စက်လက်နှင့်တရားကျနေရှာသည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Unde poveștirile trăiesc. Descoperă acum