အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ

4.3K 336 21
                                    

အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ

Unicode

[MK gpရဲ့အမွေဆက်ခံသူ]

ပြန်လာပြီ!! နောက်ဆုံးတော့ပြန်လာပြီတဲ့!

Honda insightနီညိုရောင်ကားလေးကခြံဝင်းထဲသို့အရှိန်ပြင်းစွာမောင်းနှင်လာပြီးနောက် စကျင်ကျောက်ပြားများနှင့်အလှဆင်ထားသောစံအိမ်ရဲ့ဆင်ဝင်ရှေ့တွင်ကားကိုအရှိန်သတ်လိုက်လေသည်။

စံအိမ်ထဲရှိအစေခံတွေက မတွေ့မမြင်ရတာကြာပြီဖြစ်တဲ့ စံအိမ်ထဲသို့ခြေမချသည်မှာသုံးနှစ်တာရှိပြီဖြစ်သည့်သူတို့၏သခင်လေးပြန်လာပြီဆိုသောအသံကြားကြားချင်းပင်စံအိမ်ထဲမှအပြေးအလွှားထွက်လာကြပေသည်။

Honda insightနီညိုရောင်ကားလေးဆီမှလင်းထွဋ်ကဆင်းလာပြီးနောက် ကားနောက်ခန်းတံခါးကိုဖွင့်လိုက်သောအခါ ဂျင်း shirtနက်ပြာရောင်လေးနဲ့ စတိုင်ဘောင်းဘီအနက်ရောင်တို့ကို စတိုင်ကျနစွာဝတ်ဆင်ထားသော ချောမောခန့်ညားလှသည့်လူငယ်လေးတစ်ဦးကဆင်းလာခဲ့သည်။

"သခင်လေး ပြန်လာပြီလား"

အိမ်တော်ထိန်းကြီးကရှေ့ဆုံးကနေ၍ ခရီးဦးကြိုဆိုလေသည်။

"မတွေ့တာကြာပြီနော် အိမ်တော်ထိန်းကြီး"

"တကယ်ဆို သုံးနှစ်ရှိသွားပါပြီ သခင်လေး"

"အာ....ဟုတ်သားပဲ မတွေ့တာသုံးနှစ်တောင်ရှိသွားပြီနော်......"

လူပျိုပေါက်ကြီး မင်းခန့်ထည်ရဲ့တောင့်တင်းတဲ့ခန္ဓာကိုယ်နှင့်ချောမောခန့်ညားမှုတွေကိုမျက်စိရှေ့တွင် အထင်းသားမြင်တွေ့နေရသောဆယ်ကျော်သက်အိမ်အကူလေးတွေကခေါင်းငုံ့ထားကာအပြိုင်ရှက်သွေးဖြာနေကြသည်။

မင်းခန့်ထည်ရဲ့ယခုပုံစံမှာ လွန်ခဲ့တဲ့သုံးနှစ်ခန့်က နုနယ်လွန်းသော ဒေါင်းသားပေါက်စလေးနှင့်မတူ အရောင်စုံလွန်းသောအတောင်စုံကိုခန့်ညားလှပစွာဖြန့်ကျက်ထားသည့် ဟိတ်ဟန်အပြည့်ရှိသည့်ဒေါင်းဧကရာဇ်မင်းတစ်ပါးဖြစ်နေလေပြီ။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now