အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး

4.4K 320 9
                                    

အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး

Unicode

[MK& Htaewah]


စူးရှသောအက်ကွဲသံတို့အဆုံး ပွင့်ဟလာတဲ့တံခါးဘောင်တို့ဆီ ရှိုင်းဇေယံရဲ့မျက်ဝန်းတို့ကကစားလာခဲ့ကာတံခါးဝရှိ အနက်ရောင် Suitနဲ့လူသားကိုမြင်တော့ ခုတင်ပေါ်ရှိကောင်လေးကသူ၏ကိုယ်လေးကိုကျုံ့သထက်ကျုံ့လိုက်လေသည်။ထိုအဖြစ်ကိုမြင်တော့ မင်းခန့်ထည်က နောက်ကျောထက်ရှိထိုလူသားအားအကြည့်စူးစူးတို့နှင့်စောင်းငဲ့ကြည့်လာခဲ့သည်။

မင်းခန့်ထည်ရဲ့စူးရှချွန်မြလှသောရေခဲရိုက်အကြည့်တွေအောက်မှာ အနက်ရောင်လူသားကတုန်တတ်သွားရပြီးအထစ်,အထစ်နဲ့မေးလာလေ၏။

"သ.....သခင်လေး..ထိခိုက်သွားသေးလား?"

"ထွက်သွား!"

ကျယ်လောင်သောဟိန်းသံတစ်ခုအဆုံးတံခါးပတ္တာတို့ကပြန်စေ့ပိတ်သွားတော့သည်။

ထို့နောက်မင်းခန့်ထည်က ရှိုင်းဇေယံလေးဆီတဖြည်းဖြည်းတိုးလာရင်း နွေးထွေးကြင်နာမှုတို့ထုံလွှမ်းသော တည်ငြိမ်အေးချမ်းမှုတို့ရောယှက်နေသည့်အသံတစ်ခုဖြင့်ဆိုသည်။

"ညီ ဘာဖြစ်လို့လဲ? ကိုယ့်ကိုလန့်နေတာလား ? ကိုယ့်ကိုဘာလို့လန့်နေတာလဲကွာ ကိုယ်ကမင်းလေးကိုထိခိုက်အောင်လုပ်မယ့်လူမှမဟုတ်တာ"

"မတိုးလာနဲ့!"

မတိုးလာနဲ့ ~~~~

သူ့ချစ်သူရဲ့နှုတ်ဖျားလေးထက်ကထွက်ကျလာတဲ့ ထိုစကားလေးလုံးနဲ့တင် သူ့ရင်အစုံဟာဓားနဲ့မွှန်းပြီးဆားနဲ့အသိပ်ခံနေရသည့်ပမာနာကျင်စေဖို့လုံလောက်နေလေပြီ။

"ညီ့ကိုဖြူစင်သော်ဘာတွေပြောခဲ့လို့လဲ ဟင် ?
အဲ့တာကြောင့်ကိုယ့်ကိုကြောက်နေတာမှတ်လား?"

မင်းခန့်ထည်ကထိုသို့မေးတော့မျက်ရည်ဥလေးများတွဲလဲခိုနေသောရှိုင်းရဲ့မျက်ဝန်းလေးများကမင်းခန့်ထည်ရဲ့လက်များဆီသို့ရောက်သွားခဲ့ရသည်။

အဲ့လက်တွေ.....အဲ့လက်တွေနဲ့ အကိုကအမဖြူစင်သော်ကိုနာကျင်အောင်လုပ်ပစ်ခဲ့တာ...

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ