အခန်း (၂၀) - Don't go

6K 517 5
                                    

အခန်း(၂၀) - Don't go

Unicode

[အမောင်မင်းစက်သွားရာပြဿနာပါ]


မင်းခန့်ထည် ဖြူစင်သော်ရဲ့ခုတင်ဘေးနား၌ ငြိမ်သက်စွာထိုင်နေမိ၍ သူ့အားအားကိုးရာတစ်ခုအဖြစ်အခုထက်ထိသဘောထားသော ထိုကောင်မလေးအား သူ့ရဲ့ဂရုဏာသက်သောစိတ်များကလည်း အရင်အတိုင်းပင်။ ဖြူစင်သော်ဆိုတဲ့ကောင်မလေးရဲ့ချစ်သူနေရာကနေသူရုန်းထွက်ချင်မိပါသည်။ သို့သော် သူရုံးထွက်ဖို့ကြိုးစားလိုက်တိုင်း ကံကြမ္မာကလည်း အခေါက်ခေါက်အခါခါသူ့အား ကျီစယ်နေဆဲပင်။

အစားထိုးခံလူတစ်ယောက်ဖြစ်နေရတာကိုကျနော်မမောပဲဘယ်နေပါ့မလဲ။
ဒါပေမယ့် ဒီနွံထဲကနေ ရုံးထွက်နိုင်ဖို့အခွင့်အရေးကိုလည်းကံကြမ္မာကကျနော့်ဆီမပေးအပ်ခဲ့ဖူးလေ။

"သား"

ဒေါ်စန္ဒာသော်ရဲ့ခေါ်သံကြားမှအတွေးလွန်နေတဲ့ မင်းခန့်ထည်တစ်ယောက်သတိပြန်ဝင်လာသည်။

"ပျင်းနေရောပေါ့ အောက်ဆင်းလာခဲ့ပါလား အန်တီလည်းသားနဲ့စကားပြောစရာလေးတွေရှိသေးလို့"

"ဟုတ်ကဲ့ အန်တီ"

ဖြူစင်သော်ကတော့ အကောင်းမွန်ဆုံးအိပ်စက်နေပြီဖြစ်တာကြောင့် စိတ်ချရသောအနေအထားဆီသို့ရောက်ရှိသွားခဲ့လေပြီ။
ထို့ကြောင့်မင်းခန့်ထည်လည်း ဖြူစင်သော်ရဲ့လက်ကိုအသာဖယ်ခွာလိုက်ကာ ထိုနေရာမှစိတ်ချလက်ချနဲ့ထွက်လာလိုက်သည်။

အပေါ်ထပ်ကနေအောက်ထပ်ဧည့်ခန်းဆီသို့ဆင်းလာလိုက်ပြီးဆိုဖာခုံ၌ဝင်ထိုင်လိုက်တဲ့အခါ ဒေါ်စန္ဒာသော်ကသူ့အတွက်မွှေးပျံ့တဲ့လက်ဖက်ရည်တစ်ခွက်အားရှေ့သို့ချပေးလာခဲ့သည်။

"သားရေ အန်တီသားကိုတကယ်ပဲ အားနာပါတယ်ကွယ် ဒါပေမယ့် အန်တီ့သမီးအခြေအနေက ဒီဘူတာပဲပြန်ဆိုက်ပြန်တော့အန်တီလည်းသားကိုအပူထပ်တိုက်ရပြန်တာပေါ့ ဒါကြောင့် အန်တီမျက်နှာပူပူနဲ့ပဲ
ဒီတစ်ခါထပ်တောင်းဆိုလို့ရမလား"

ဒေါ်စန္ဒာသော်ကအားတုံ့အားနာပြုံးပြရင်းဆိုလိုက်ကာ ထိုစကားတို့ဆိုနေစဥ်၌ သူမရဲ့ရင်ထဲတစ်နေရာ၌လည်း အပြစ်ရှိစိတ်တို့ကမွန်းကြပ်မှုအပြည့်နဲ့သိပ်သည်းပြည့်ကြပ်နေခဲ့ရသည်။သို့ပေမယ့် သူမရဲ့ပူပန်သောကတို့ကိုတော့ မင်းခန့်ထည်ရှေ့မှာနူးညံ့တဲ့အပြုံးတစ်ခုနဲ့ကာရံသိုဝှက်ထားရှာလေသည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Där berättelser lever. Upptäck nu