အခန်း(၆) -အချိုမြိန်ဆုံးသော

8.4K 604 4
                                    


အခန်း(၆) - အချိုမြိန်ဆုံးသော

Unicode

[အနီရောင်စတော်ဘယ်ရီသီးလေး ]

မနက်စောစောစီးစီး တိတ်ဆိတ်ခြင်းတို့ကြီးစိုးနေတဲ့အခန်းနယ်ပယ်ထဲ၌ ကျယ်ကျယ်လောင်လောင်ပျံ့လွင့်လာတဲ့ဖုန်းRingtoneသံဟာဆိုရင် သူ့ရဲ့အိပ်စက်ချိန်ကို လုံးဝအနှောင့်အယှက်ပေးလိုက်လေပြီ။
သူဖုန်း Screenကိုပွတ်ဆွဲလိုက်ပြီးနောက် Speakerဖွင့်ထားကာ အိပ်ရာပေါ်၌မျက်စိမဖွင့်ဘဲ လဲလျောင်းနေလျက်နှင့်ပင် တစ်ဖက်ကအသံကိုနားစွင့်ထားလိုက်သည်။

"ဟိတ်ကောင် မင်း သင်တန်းကိုလာဦးမှာလား"

တစ်ဖက်လူရဲ့အသံမှာပြောင်ချော်ချော်နှင့်ကီးကြောင်နေတဲ့အလား သူ့အတွက်မူ
မနက်ခင်းမှာ လုံးဝကျက်သရေမရှိတဲ့အသံဆိုးတစ်သံပင်ဖြစ်လေသည်။

မင်းခန့်ထည်ကသူ၏မျက်နှာထက်ဆီကိုခေါင်းအုံးနဲ့အုပ်ထားလိုက်ပါသောကြောင့်
သူစကားပြောတဲ့အခါ အသံမှာပိုပြီးသြနေပြီးလေးတိလေးကန်ဖြစ်နေလေသည်။

"ငါမလာလို့ကော ဘာဖြစ်မှာမို့လို့လဲကွာ"

တကယ်တော့သူဟာကြက်ခြေနီအသင်းရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပေမယ့်လို့ ဆရာဖြစ်သူကိုယ်တိုင်ကိုက သူ့အားအခွင့်ထူးခံပေးထားတာကြောင့် သူသွားသည်ဖြစ်စေ ၊မသွားသည်ဖြစ်စေဘာမှပြောင်းလဲသွားမည်မဟုတ်ပေ။

တစ်ဖက်ကအမျိုးသားကတော့တက်ကြွရွှင်လန်းမှုအပြည့်နဲ့ရယ်ကျဲကျဲအသံတို့ဖြည့်စွက်လျက်ဆက်ပြောလာခဲ့ပြန်သည်။

"ဟာ မင်းကွာ ဒီနေ့နောက်ဆုံးနေ့လေ အဓိကနေ့လေကွာ"

"ဘာကို အဓိကနေ့လဲ"

"မပြောဘူး မင်းသိချင်ရင်ရောက်အောင်လာခဲ့ "

မင်းခန့်ထည်မှာစိတ်တိုသွားရကာခေါင်းအုံးကိုနံရံဆီသို့ပစ်ပေါက်လိုက်ပြီးနောက် ဖုန်းကိုဆွဲယူလိုက်၍ မျက်နှာနားကပ်လျက်ဖျစ်ညစ်မေးလိုက်လေ၏။

"အေး ! သင်တန်းကအရင်နေရာပဲမှတ်လား !"

"အေး ဟုတ်တယ် မြန်မြန်လာခဲ့ကွာ"

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now