အခန်း(၃၅) - အချစ်တေးကဗျာ

4.4K 343 30
                                    

အခန်း (၃၅) - အချစ်တေးကဗျာ

Unicode

[Happy Valentine's Day]

🎼ကဗျာတွေစီကာ အချစ်ဆုံးဖတ်ဖို့🎼

🎼နှလုံးသားဆီကစကားလုံးများ🎼

🎼အချစ်အဓိပ္ပါယ်တို့ ဖွင့်ဆိုနေချိန် အပြုံးပန်းတို့ ဖူးပွင့်မလား🎼

🎼အချစ်နှုတ်ဖျား.....🎼


ဟန်လင်းထက်တစ်ယောက် Guitarတစ်လက်နှင့်ကျောင်း Lobby၌အသံကောင်းကောင်းဖြင့်ဟဲနေလေသည်။

ညနေခင်း Ferryတွေမဆိုက်လာခင်အချိန်က
ကျောင်းသားလေးတွေဟာသူတို့တိတ်တခိုး ချစ်နေရတဲ့ကျောင်းသူလေးများထံသို့အချစ်တေးသွားသဝဏ်လွှာလေးများပေးပို့နေကျဖြစ်တာကြောင့်ဒီအချိန်ဆိုလျှင်သီချင်းသံလေးတွေမစဲကြားနေရလေ့ရှိသည်။

မင်းခန့်ထည်နဲ့ရှိုင်းဇေယံကတော့ Lobbyရှိခုံဝိုင်းတစ်ခုတွင်ထိုင်နေရင်း အပီအပြင်ဟဲနေပါသော အမောင်ဟန်လင်းထက်အားအံ့အားသင့်စွာဖြင့်ကြည့်နေမိကြသည်။

"ခွေးကောင်လေးကဒါလဲရတာပဲလား?"

"အကိုမင်းစက်က ကံကောင်းတာပေါ့။သူ့ကိုသီချင်းဆိုပြမယ့်ချစ်သူရှိတော့..."

အားကျနေတဲ့အရိပ်အယောင်တို့သမ်းနေတဲ့ကောင်လေးရဲ့မျက်ဝန်းတွေကိုမြင်သော်မင်းခန့်ထည်ကမှုန်သုန်သွားတဲ့မျက်နှာထားနဲ့အူတိုစွာဆိုသည်။

"ဘာလဲ ညီကသီချင်းဆိုပြတဲ့လူမျိုးကို
ကြိုက်တာလား"

"အင်း "

အေး....အင်းလို့သာဖြေနေတာမျက်လုံးကလူကိုမကြည့်ဘဲဟိုဘဲလေးဆီရောက်နေတယ်။

သူ့ရဲ့ချစ်သူလေးကသီချင်းဆိုပြတဲ့လူကိုကြိုက်တယ်လည်းကြားကော မင်းခန့်ထည်တို့များထိုင်နေရာကနေဗြုန်းခနဲထကာလုံချည်ကိုအပီအပြင်ပြင်ဝတ်လေတော့သည်။
သူ့ရဲ့မျက်နှာထားကစစ်မြေပြင်ကိုသွားတော့မည့်စစ်သည်တစ်ယောက်အလားရုတ်ချည်းပြောင်းလဲသွားရလေ၏။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now