အခန်း(၃၄) - ကျနော်နှစ်သက်သော

5.1K 421 40
                                    

အခန်း(၃၄) - ကျနော်နှစ်သက်သော

Unicode

[ဒင်းကခိုးရာလိုက်ပြေးသွားပြီ]

နေစောင်းသွားတဲ့အချိန်ရောက်လေလေအအေးဓာတ်ကအကဲပိုလာလေလေပင်။ Februaryလကဆောင်းတွင်းလေးလထဲမှာအသည်းခိုက်အောင်အေးတဲ့အအေးဆုံးလမို့ မျက်နှာသစ်နေရင်းနဲ့တောင်လူတိုင်းခိုက်ခိုက်တုန်နေကြသည်။

အအေးဓာတ်လွန်ကဲနေသည်မှာခန္ဓာကိုယ်ရှိသွေးတွေပါခဲတော့မတတ်ဖြစ်နေပြီမို့ ရေချိုးလျှင်တောင်မှသုံးမုတ်အများဆုံးသာလောင်းနိုင်ကြသဖြင့် ရေပန်းလေးတွေတောင်အားငယ်နေရှာသည်။

ဤလူများထဲမှ ကျနော့်ရဲ့သတ္တိခဲလေးကတော့ခေါင်းပါလျှော်ချသည်။ ရေမိုးချိုးခေါင်းလျှော်ပြီးကတည်းကနှာချေတာမရပ်တော့သည်မို့ ကျနော့်ခမျာစိတ်ပူနေရပြန်သည်။
ထို့ကြောင့်သူလေးနွေးသွားအောင်ခုတင်ပေါ်မှာဖက်ထားပေးမယ်ဆိုတော့လည်း ထိုကလေးကလက်မခံဘဲပတ်ပြေးနေရှာသည်။

နေပါဦး ကျနော်ကအဲ့လောက်တောင်ယုံကြည်ချင်စရာမကောင်းနေလို့လား။ဟူး.......ကျနော့်မှာလည်းသူလေးနဲ့ပတ်သက်ပြီးထိန်းချုပ်ထားရတာတွေကတကယ်လည်းများနေသကိုး။

မင်းခန့်ထည်က Nes coffee အထုပ်လေးအားဖောက်လိုက်ပြီးနောက် ရေနွေးလေးထည့်ကာမွှေနေရင်းအတွေးပင်လယ်ထဲနစ်နေရှာသည်။

"ညီရေ coffeeရပြီ" ဟုပြုံး၍ဆိုကာကော်ဖီခွက်လေးကိုကိုင်ပြီး အနောက်ဘက်သို့လှည့်ကြည့်လိုက်တော့ပုစိရဲ့အရိပ်အယောင်ကအခန်းထဲမှာမရှိတော့ပေ။

ဟောဗျာ ခနလေးကျောခိုင်းမိပါတယ်။ဘယ်ရောက်သွားပြန်ပြီလဲမသိ။
သူ့ချစ်သူလေးကတော့လေမျက်စိအောက်ကနေနည်းနည်းလေးမှအပျောက်ခံလို့ကိုမရတော့ဘူး။

သူ့ရဲ့ထိုအဖြစ်ကိုသာမင်းစက်သိရင်တော့လား ကျနော့်ကိုတော်တော်ဖြစ်ဆိုပြီး လှောင်နေရှာတော့မှာ ....

ကော်ဖီခွက်လေးကိုစားပွဲပေါ်တင်ထားလိုက်ကာ အခန်းပြင်ထွက်ရှာကြည့်တော့ အေးစိမ့်စိမ့်လေစိမ်းတို့တိုက်ခတ်နေပါသည့်အခန်းရှေ့ဝရံတာမှာမတ်တပ်ရပ်နေလျက်အဝေးတစ်နေရာသို့ငေးကြည့်နေရှာတဲ့အကောင်ပေါက်လေးကို ရှာတွေ့တွေ့ချင်းပင် ခေါင်းလေးအားတစ်ချက်ပိတ်တီးပစ်လိုက်သည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now