좋다고 말해 (UNI)

1.7K 102 20
                                    

Tittle _Tell Me You Love Me

By Bolbbalgan4

«ဟိုင်း»

ဘတ်စ်ကားပေါ် ထိုင်နေကျ ပြတင်းပေါက်ဘေးနားက ခုံလေးမှာ မှီပြီးထိုင်နေတဲ့ မင်ဟျောင်းကို ဟယ်ချန်းနှုတ်ဆက်လိုက်သည်။နားကြပ်ကို နားထဲထည့်ပြီး မျက်လုံးမှိတ်ချလိုက်တဲ့မင်ဟျောင်းကြောင့် ဟယ်ချန်းသက်ပြင်းချဖြစ်သည်။ဒီနေ့လည်း မင်ဟျောင်းဆီက အသိမှတ်ပြုတာ မခံရပြန်ဘူး။လူတိုင်းကို ဖော်ရွေးတဲ့မင်ဟျောင်းက ဒီလိုမျိုး စိမ်းစိမ်းကားကား အီဟယ်ချန်း‌အပေါ် ဆက်ဆံရက်တယ်။

သူငယ်ချင်းတွေက ပြောတယ်။ဟယ်ချန်းက
ဘယ်သူနဲ့မျှမတည့်ဘဲ ရန်ပတ်ဖြစ်နေတဲ့ကောင်ဆိုးလေး မလို့တဲ့။ ပြီးတော့ စိမ်းကားစွာ ဆက်ဆံရတဲ့ အဓိကအကြောင်းရင်းက ဟယ်ချန်းရဲ့တအားလက်ရဲဇက်ရဲနိုင်မှု‌ကြောင့်တဲ့လေ။ဘာလို့ဆို မင်ဟျောင်းက သူ့အသားထိတာ မကြိုက်မှ မကြိုက်တာ။

အတန်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်အတန်းသားကို အဖက်လုပ်သင့်တယ်မဟုတ်လား။စာတော်ပြီး ရုပ်ချောတဲ့မင်ဟျောင်းက နာမည်ကြီးသည်။ဖော်ရွေးသည်။သဘောကောင်းသည်။ကူညီတတ်သည်။ဆရာ၊ဆရာမတွေရဲ့ အချစ်ခံ။စံပြကျောင်းသားဖြစ်သည်။ဘက်စုံတော်သည်။ပြီးတော့ ဟယ်ချန်းနီးအပေါ် စိမ်းစိမ်းကားကား ဆက်ဆံ‌လေ့ရှိသည်။

ဒါလည်း မင်ဟျောင်းကို ဟယ်ချန်း မငြိုငြင်, သိပ်ချစ်တာ။အခန်းထဲ အသံအကျယ်ကြီးနဲ့ မင်ဟျောင်း အော်ရယ်လည်း ဟယ်ချန်း သိပ်ချစ်တယ်။

💭💭💭

မနေ့ညက မင်ဟျောင်းက ဟယ်ချန်းကို "သဘောကျတယ်"လို့ ဝန်ခံခဲ့တယ်။သိပ်ကဗျာဆန်တာပဲ။လမ်းဘေးက မီးတိုင်လှလှလေးအောက်မှာ ဟယ်ချန်းကို "သဘောကျတယ်"လို့ မင်ဟျောင်းက ဝန်ခံခဲ့တာ။မင်ဟျောင်းရဲ့ ရင်ခုန်စွာ တုန်ရီနေတဲ့အသံလေးကို ဟယ်ချန်းနားထဲ အခုထိကြားယောင်နေဆဲ။

တစ်ခါတည်း မင်ဟျောင်းကို အဖြေပေးချင်‌သည်။သို့သော် အပျော်လွန်း၍ ဟယ်ချန်း စကားတောင် မပြောနိုင်။ဟယ်ချန်း သတိပြန်ဝင်လာတဲ့အချိန်မှာ မင်ဟျောင်းက ဘတ်စ်ကားပေါ် တတ်သွားပြီဖြစ်သည်။ပြီးတော့ ဘတ်စ်ကားလည်း ထွက်သွားပြီ။အဲ့ညက ဟယ်ချန်း ကားမှတ်တိုင်မှာ ညနက်တဲ့အထိ ထိုင်ပြီးမှ အိမ်ပြန်သွားခဲ့တယ်။မေမေဆီက အဆူခံရသော်လည်း အပြုံးမပြတ်၊တစ်ခွန်းမျှ ပြန်မပြောတဲ့ဟယ်ချန်းကို မေမေက သရဲဝင်ပူးနေသလားလို့ မေးခဲ့သည်။ကံကောင်း၍ ဟယ်ချန်း ဆားရေဖြင့် အပတ်မခံလိုက်ရတာ။

Markhyuck One Shot  CollectionWhere stories live. Discover now