사랑하자 (UNI)

593 60 0
                                    


လွန်ခဲ့တဲ့ (၁)နှစ်လောက်က ဟယ်ချန်းကို ပြန်လိုချင်တယ်။အဲ့တုန်းက ဟယ်ချန်းက သိပ်ချစ်ဖို့ကောင်းတယ်။ဟယ်ချန်းက ခပ်ဆိုးဆိုးကောင်လေးဖြစ်ရုံကလွှဲပြီး မာ့ခ်လီအပေါ် အရွဲ့တိုက်ခြင်း
မရှိခဲ့ဘူး။ခဏ ခဏ ရန်ဖြစ်ကြတာလွှဲလို့ပေါ့။

ဟယ်ချန်းနဲ့စတွေ့တဲ့နေ့က သူများတွေလို မရိုးရှင်းခဲ့ဘူး။ပြီးတော့ က‌ဗျာလည်း မဆန်ဘူး။ကရိုကားယားနိုင်လွန်းသည်။အဲ့နေ့က မာ့ခ်လီ လမ်းခွဲချင်ပေမယ့် တစ်ဖက်က တပ်တွယ်နေတဲ့‌မိန်းကလေးကြောင့် အတော်ဒုက္ခရောက်နေတဲ့အချိန်မှာ ဟယ်ချန်းက ရုတ်တရက် ထပြောခဲ့တယ်။ကျွန်တော်တို့နှစ်ယောက်က ချစ်သူတွေတဲ့လေ။ထိုစကားက ထိရောက်လွန်းပုံများ
တစ်ဖက်မိန်းမကလေးက ငိုပြီး ထွက်ပြေးသွားတဲ့အထိပါပဲ။အဆစ်အနေနဲ့ မာ့ခ်လီမျက်နှာ ရေနဲ့အပတ်ခံလိုက်ရသည်။

မဆိုင်ဘဲကူညီပေးခဲ့တဲ့ဟယ်ချန်းကို မာ့ခ်လီ အချိန်အကြာကြီးငေးကြည့်ပြီးမှ ကျေးဇူးတင်စကားဆိုမိသည်။ဂျစ်ကန်ကန်ပုံစံနဲ့ ဟယ်ချန်းက Mulletဆံပင်ကေလေးနှင့် တကယ်ကို လိုက်ဖက်သည်။ဝတ်ထားတဲ့ဘောင်းဘီက ကြိုးတွေရှုပ်ယှက်ခတ်ပေမယ့် ထိုပုံစံလေးနှင့် ဟယ်ချန်းက ကြည့်ကောင်းနေပြန်တယ်။

«ကျေးဇူးပဲ»

«မလိုဘူး..နားငြီးဒဏ်မခံနိုင်လို့ ကူညီလိုက်တာ»

လှည့်ထွက်ဖို့ပြင်နေတဲ့ကျောပြင်လေးကို မာ့ခ်လီဘက်ကို ပြန်ကြည့်လာစေချင်သည်။ထိုနည်းတူ လျှောက်နေတဲ့ ခြေလှမ်းတွေကိုလည်း ရပ်တန့်စေချင်သည်။

«မင်းပြောခဲ့သလို ချစ်သူတွေလုပ်ရအောင်»

ရပ်တန့်သွားတဲ့ခြေလှမ်းတွေနှင့်အတူ ပြန်လှည့်လာတဲ့မျက်နှာလေးက ရေးရေးလေးပြုံးနေသည်။

«မချစ်ဘဲနဲ့လား...»

မာ့ခ်လီက နှလုံးသားတစ်ခုလုံးနဲ့ ပုံအောပြီးဆိုလိုက်တဲ့စကားက ပြောလိုက်ပေမယ့် တစ်ဖက်လူက ရယ်နေခဲ့တယ်။ဟုတ်သားပဲ။မာ့ခ်လီက အခုမှ သူကိုမြင်ဖူးတာကို။ပြီးတော့ နာမည်တောင် မသိဘဲနဲ့။ချစ်သူတွေလုပ်ကြအောင် ဆိုတဲ့စကားက ရယ်စရာ၊ဟာသပဲ။

Markhyuck One Shot  CollectionDove le storie prendono vita. Scoprilo ora