그냥 진구 (UNI)

800 72 36
                                    

Tittle_Just Friend

By    _ Nanon Korapat

ထူးထူးခြားခြားမဟုတ်ဘူးပဲ။ဟယ်ချန်းနီး မာခ့်အပေါ်ကြည့်တဲ့ပျားရည်တွေလျံထွက်လာသလို အချစ်တွေအပြည့်နဲ့အကြည့်တွေက တကယ်တော့ ပုံမှန်ပါပဲ။မာ့ခ်ကသာ ထင်ယောင်ထင်မှားဖြစ်နေတာ။တစ်ခြားသူငယ်ချင်းတွေကိုလည်း ဟယ်ချန်းနီးက အဲ့လိုအကြည့်မျိုးနဲ့ပဲ ကြည့်ပြီး စကားပြောတတ်၏။အဲ့လိုသာ လူတိုင်းကို ကြည့်ပြီး စကားပြောနေရင် အကုန်လုံး ဟယ်ချန်းနီးအကြည့်မှာ ပစ်ကြွေကြတော့မှာပဲ။

တစ်ခြားတစ်ယောက်ကို အဲ့လို အချစ်တွေအပြည့်နဲ့မကြည့်ပါနဲ့လို့ တားပစ်ချင်သည်။ခက်လိုက်တာ။ငယ်ငယ်ကတည်းက ဟယ်ချန်းနီးက မာ့ခ်စကားဆို နားမထောင်ခဲ့ဘူး။မာ့ခ်စကားနဲ့ဆန့်ကျင်ဘက်ကိုပဲ ရွေးပြီးလုပ်တတ်တာ။ဘယ်လိုလုပ်ရမလဲ။ဟယ်ချန်းနီးကို ထိန်းချုပ်နိုင်တဲ့အစွမ်းတွေ ပိုင်ဆိုင်ချင်လိုက်တာ။

ဟယ်ချန်းနီးရဲ့ပျားရည်တွေ စိမ့်ထွက်လာတဲ့အကြည့်တွေ၊အသည်းပုံတွေ ထွက်နေတဲ့
အကြည့်တွေအောက်မှာ မာ့ခ် အမြဲ ရင်ခုန်စိတ်လှုပ်ရှားရသည်။ဒါပေမဲ့ ဟယ်ချန်းနီးစိတ်ထဲ
ဘာမှမရှိဘူး။မာ့ခ်က ဟယ်ချန်းနီးရဲ့သူငယ်ချင်းတွေထဲက တစ်ယောက်ပါပဲ။မာ့ခ်ကို ဟယ်ချန်းနီးက သူငယ်ချင်းတစ်ယောက်ထက် မပိုခဲ့ဘူး။

«မာ့ခ်  ငါတို့ တစ်ခုခု သွားစားရင် ကောင်းမလား»

«ကောင်းတာပေါ့..သွားစားရအောင်»

စာကျက်ဝိုင်းသွားတဲ့လမ်းမှာ ဟယ်ချန်းနီးက စားဖို့ အဖော်ဆွယ်လာသည်။ကြည့်ရတာ အစားသမားလေးက  စားပြီးမှာ စာကျက်ဝိုင်းသွားမဲ့ပုံပါပဲ။

«မာ့ခ် တော့ပိုကီစားမလား။ရေခဲမုန့် စားမလား»

«တော့ပိုကီ»

«ဒါဆို ရေခဲမုန့်ဆိုင် သွားကြမယ်»

ဒါဆို ဘာလိုများ မေးနေတာလဲ ဟယ်ချန်းနီး။မင်း စိတ်တိုင်းကျ၊မင်းသဘောအတိုင်း ရွေးချယ်မှာကို အလကား အာညောင်းပြီး၊ပင်ပန်းအောင် မေးနေသေးတယ်။

အရှေ့ကနေ ရေခဲမုန့်ဆိုင်ဘက် တတ်ကြွစွာ  ဦးတည်သွားနေတဲ့ဟယ်ချန်းနီးနောက် မာ့ခ်
ဘာတစ်ခုမှအငြင်းမပွားဘဲ လိုက်ပါခဲ့သည်။
သူ့လုပ်ချင်ရာ လုပ်ရလို့ ပျော်နေတဲ့နောက်ကျောလေးက မာ့ခ်ကိုပါ အပျော်တွေ ကူးစပ်စေတယ်။

Markhyuck One Shot  CollectionWhere stories live. Discover now