좋은 사람 (UNI)

686 63 15
                                    

Tittle _ Good Person

By     _ HaeChan

စီနီယာမင်ဟျောင်းက ဒုံဟျော့ခ် အထက်တန်းကတည်းက တိတ်တခိုးသဘောကျခဲ့တဲ့သူဖြစ်သလို ဒုံဟျော့ခ် ဆိုးလ်တက္ကသိုလ်ကို ဝင်ခွင့်ရအောင် လမ်းပြပေးခဲ့သူလည်း ဖြစ်သည်။စီနီယာမင်ဟျောင်းကြောင့်သာ မဟုတ်ရင် ဒုံဟျော့ခ် အထက်တန်းကို (၂)နှစ်လောက် တတ်ရမှာ သေချာသည်။မျက်မှန်အဝိုင်းလေးနှင့် စီနီယာမင်ဟျောင်းက စာဂျပိုးလေးဖြစ်ပေမဲ့ ဒုံဟျော့ခ်ကတော့ ကျောင်းအမြဲပြေးနေတဲ့ ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ဖြစ်ခဲ့သည်။

ကျောင်းအမြဲပြေးနေတဲ့ဒုံဟျော့ခ်က စီနီယာမင်ဟျောင်းကို အထက်တန်းဒုတိယနှစ်မှာ သိခဲ့သည်။စီနီယာမင်ဟျောင်းကတော့ အထက်တန်းနောက်ဆုံးနှစ်ဖြစ်နေခဲ့သည်။ထိုအချိန်မှာ ဒုံဟျော့ခ် ကျောင်းအမြဲပြေးခဲ့တာတွေအတွက် နောင်တရသည်။ဒုံဟျော့ခ်သာ ပုံမှန်ကျောင်းတတ်ခဲ့ရင် စီနီယာမင်ဟျောင်းနဲ့ စောစောတွေ့ဆုံခဲ့မှာ။

စီနီယာမင်ဟျောင်းကို စချစ်နေပြီဆိုတာသိလိုက်သည့်နှင့် စာကို အသည်းအသန်ကြိုးစားခဲ့သည်။စီနီယာမင်ဟျောင်းဆီက အာရုံစိုက်မှုရအောင် အမြဲတမ်း ကြိုးစားခဲ့ပေမဲ့ ဆိုးလ်တက္ကသိုလ်ဝင်ခွင့်ဖြေရန် ပြင်ဆင်နေတဲ့စီနီယာမင်ဟျောင်းက စာကလွှဲ၍ ကျန်တာ စိတ်မဝင်စား။

မယုံနိုင်စရာကောင်းအောင် တက္ကသိုလ်ရောက်ချိန်မှာ  စီနီယာမင်ဟျောင်းက  ချစ်သူကောင်မလေး ရှိနေပြီ။ဒုံဟျော့ခ်က စာတွေကြိုးစားပြီး စီနီယာမင်ဟျောင်းရှိရာအရပ် အရောက်လာခဲ့ပေမယ့် လမ်းတစ်ဝက်တွင် ရင့်နစ်စွာ ငိုကြွေးခဲ့ရသည်။ကံကြမ္မာက ဒုံဟျော့ခ်အပေါ် ရက်စက်လိုက်တာ။

ကိုကို။ဒုံဟျော့ခ် တိတ်တခိုးခေါ်မိတဲ့နာမ်စားလေး။ဒီဘဝမှာ ထုတ်ဖော်ခွင့်မရှိတဲ့ နာမ်စား ဟု ပြောရမလား။ဒါဆို နောင်ဘဝမှာ ကိုကို လို့ခေါ်ခွင့်ရဖို့ ကြိုဆုတောင်းတယ်။

ကိုကို့အချစ်ကို ရဖို့  ဒုံဟျော့ခ် ဒီဘဝမှာ မဖြစ်နိုင်တော့ဘူး။ ကိုကိုက သူ့ကောင်မလေးကို သိပ်ချစ်သည်။သူ့ချစ်သူအပေါ် အမြဲအလျော့ပြီး အလိုလိုက်သည်။

Markhyuck One Shot  CollectionWhere stories live. Discover now