너 (UNI)

797 66 15
                                    

Tittle     _  You (I)

By          _  Bolbbalgan4

ကျောပိုးအိတ်တစ်လုံးလွယ်ပြီး ကုမ္မဏီထဲ ဝင်လာတဲ့ဟယ်ချန်းက ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။ဟယ်ချန်းရဲ့နွေရာသီကျောင်းပိတ်ရက်တွေက ပျော်ရွှင်စရာ သိပ်ကောင်းသည်။ပျင်းရိချိန်မရှိဘဲ အမြဲတတ်ကြွနေတဲ့ဟယ်ချန်းက မိုးလင်းသည့်နှင့်
ကုမ္မဏီကို ရောက်ချလာတတ်သည်။အလုပ်,လုပ်ဖို့လာတာတော့ မဟုတ်ဘူး။စီးအီအိုသားဆီကို လာကပ်ချွဲဖို့ပင်။

«မင်္ဂလာပါ..»

တွေ့သမျှ လူတိုင်းကို အပြုံးလေးတစ်ပွင့်နှင့် ခေါင်းငုံအရိုအသေပေးလျက် နှုတ်ဆက်နေတဲ့ဟယ်ချန်းက လူလိမ္မာလေးလို့ ပြောရမည်။တစ်ရုံးလုံးက ဟယ်ချန်းကိုဆို သဲသဲလှုပ်လှုပ်ချစ်ကြသည်။ သူတို့သူဌေးလေးရဲ့ခင်ပွန်းလောင်းဆိုသည့်အရှိုန်အဝါက တော်ရုံမှမဟုတ်တာ။

«အို...ဖေဖေ..~»

အခန်းထဲမှာ ထွက်လာတဲ့ မာ့ခုလီကိုကျော်တတ်ပြီး ယောက္ခထီးဖြစ်သူကို သွားကပ်ချွဲတဲ့
ဟယ်ချန်း။လျစ်လျူရှူခံလိုက်ရသလို ခံစားရပေမယ့် အပြုအမှုလေးက ချစ်ဖို့ကောင်းနေ၍ မာ့ခုလီက စိတ်မဆိုးရက်စွာ ပြုံး၍ ကြည့်နေသည်။
ယောက္ခထီး သွားကပ်ချွဲတဲ့ဟယ်ချန်းကတော့ သူအကြံနှင့် သူအူမြူလျက် ပြုံးဖြီးနေသည်။

«ကြည့်ပါဦး..ပိန်သွားလိုက်တာ»

«စာတွေ ဆက်တိုက်လုပ်နေရတာ။အရသာရှိတာတွေလည်း မစားနိူင်ဘူး ~ »

ဟယ်ချန်းအပြောမှာ ဘေးနားက မာ့ခုလီ မျက်ခုံးလေးပင့်တက်သွားသည်။မနေ့က စာမေးပွဲပြီးတဲ့အထိမ်းအမှတ်အနေနဲ့ မာ့ခုလီ ကိုယ်တိုင် အသားကင်ကျွေးခဲ့တာကို။ဒီကလေး ဉာဏ်များနေပြန်ပြီ။

«မာ့ခု!! ကလေးကို ပစ်ထားပြန်ပြီလား»

«မဟုတ်ဘူး..ဖေဖေ*»

မာ့ခုလီရဲ့ဖြေရှင်းစကားက Mr.Leeနားထဲကို ဆုံးအောင် မရောက်လောက်၊အသံဆာဆာတစ်ခုက ဖြတ်ဝင်သွားသည်။

«ကျွန်တော်ကို  ကိုကိုက ပစ်ထားပေါင်းများနေပြီ
ဖေဖေ။စာမေးပွဲပြီးရင် ဒိတ်ကြမယ်ပြောထားတာကို အလုပ်မအားဘူးတဲ့ အဟင့်»

Markhyuck One Shot  CollectionWhere stories live. Discover now