너 와 나

312 44 18
                                    

UNI...

Part ( 8 )

သာယာသောစန္ဒရားတီးသံကြောင့်
ဟယ်ချန်း အိပ်ရာမှ နိုးထလာခဲ့သည်။ပါးပြင်ထက်မှာ စီးကျနေသောမျက်ရည်တွေကို ဖိသုတ်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ငေးကြည့်လိုက်သည်။အဖြူရောင်တိမ်လိမ်တွေဖြင့် ဖုံးအုပ်နေသောပတ်ဝန်းကျင်တစ်ခွင်က သူ့နေထိုင်ရာအရပ်ဖြစ်ပြီး အဖြစ်အပျက်တွေက အိမ်မက်မဟုတ်ခဲ့မှန်း သိလိုက်ရသည့်နှင့် မွန်းကြပ်မှုတို့က ရင်ထဲတိုးဝင်လာခဲ့သည်။ကိုကို မရှိဘဲ တစ်နေ့တာကို ဘယ်လိုဖြတ်သန်းရမလဲ။

«မင်းသားလေး...ဘုရင်ကြီး အ‌ခေါ်လွှတ်လိုက်ပါတယ်»

«ကျွန်တော် မလိုက်ချင် ...»

«ကောင်းသတင်း အမှာကြားချင်ကြောင်း စကားပါလိုက်ပါတယ်»

ခဏမျှ တွေးဝေသွားသည်။ခမည်းတော်၏ကောင်းသတင်းကို စိတ်မဝင်စားသော်လည်း နောက်ဆုံးမှာ ခမည်းတော်ရှိရာအရပ်ကို ရောက်လာခဲ့သည်။သူ နေထိုင်ရာအရပ်က တိတ်ဆိတ်မှုတွေနှင့်ကြီးစိုးရာအရပ်မို့ အလွန်းပျင်းရိစွာ ခမည်းတော်အနားမှာ ခစားလိုက်သည်။
ရိုရိုကျိုးကျိုးနှင့် အနားရောက်လာသော သားတော်လေးကို ကြည့်ပြီး ခမည်းတော်မှာ စိတ်မကောင်းစွာ ဝမ်းနည်းရသည်။သူရဲ့တစ်ဦးတည်းသောသားတော်လေးဟာ ကြက်ဥထဲမှာ ပိတ်ခံရပြီး လူပြည်ကို ရောက်သွားခဲ့ပြီးနောက်မှာ လူသားတစ်ယောက်နှင့် ချစ်ကြိုက်ခဲ့သည်။ထိုကဲ့သို့ ရှက်ရွံ့ဖွယ်ကောင်းသောလုပ်ရက်က ပြစ်မှုမြောက်
ပေမယ့် ထိုလူသားက သားတော်လေး၏အသက်သခင်ဖြစ်နေ၍ ခွင့်လွှတ်နားလည်‌ပေးခဲ့သည်။သို့သော် လူ့ဘဝအရ
ထိုလူသား သေလွန်းပြီးနောက်မှာ သူ့သားတော်လေးက အငိုလွန်းပြီး မေ့လဲသွားခဲ့သည်။မေ့လျော့နေသောသားတော်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရန် ဂါထာရွတ်ဖတ်၍ သိပ်ခဲ့ရသည်။သို့သော် ရှည်လှသည့်ညတာကြောင့် သားတော်လေးက အိပ်နေရင်းမှ မျက်ရည်တွေဆင်းကျလျက် ထိုလူသားနာမည်ကို ခဏခဏရွေရွတ်နေခဲ့သည်။စိတ်ပင်ပန်း၊နာကျင်နေသောသားတော်လေးကို မကြည့်ရက်နိုင်စွာ လူပြည်ကို ကြည့်လိုက်စဉ်မှာ သား‌တော်၏ချစ်လှစွာသောလူသားက ထပ်ပြီး မွေးဖွားလာခဲ့သည်။ထိုသတင်းကား သားတော်လေးကြားသိလျှင် အပျော်လွန်းနေမှာ သိ၍ ပြုံးပန်ပီတဖြစ်ရသည်။

Markhyuck One Shot  CollectionWhere stories live. Discover now