너 와 나 (UNI)

297 46 18
                                    

Part (3)

ရုတ်တရက်ဆန်ဆန်ဖြစ်ပျက်သွားသောအခြေအနေမှာ အီမာ့ခ်က ပြောစကားတွေ မဲ့နေခဲ့တယ်။တိုက်တိုက်ဆိုင်ဆိုင် ဝင်လာသောဖုန်းကြောင့် ဂျယ်မင်းက အိမ်ပြန်သွားတော့ ပိုဆိုးတယ်။ တစ်ယောက်တည်းကြောင်တောင်တောင်နှင့် ပြောင်းလဲသွားသည့် Fullsunကိုသာ ကြည့်နေမိတယ်။

"ဟိုင်း"

ဘယ်လောက်တောင် ကြောင်စီစီ နိူင်လိုက်သလဲ။အမြဲတွေ့နေ၊မြင်နေကျလူကို "ဟိုင်း"တဲ့လေ။

"ကိုကို" 

အီမာခ့် ရင်ခွင်ထဲ ပစ်ဝင်လာသည့် အလုံးလိုက်ကိုယ်လုံးလေးကို ပြန်ပွေ့ဖက်ဖို့ မရဲ့မဝံ့ ဖြစ်ရတယ်။အရင်လို စိတ်ရှိတိုင်း ထိတွေ့ဖို့ မဖြစ်တော့ဘူးလေ။သူနဲ့ကိုယ်က အခုဆို မတိမ်းတယိုင် ဖြစ်နေပြီ။

"အသေးလေးကို ဖက်ထားပေး"

ပြောရင်း အီမာခ့်လက်တွေကို ယူပြီး သူ့ခါးပေါ် တင်လေသည်။နေပါဦး။သူ့အသံလေးက ဘာလို့ တအား နားဝင်ချိုနေရတာလဲ။

"ကိုကို မပျော်ဘူးလား။အသေးလေး စကားလည်း ပြောနိူင်ပြီ။ကိုကို့အရပ်ကိုလည်း မှီသွားပြီ"

ပျော်တာထက် ရင်ခုန်နေတာကို ဘယ်လိုလုပ်ရမလဲ။စကားသံတိုးတိုးလေးက ချိုသာနေသည့်အပြင် ရင်ဘတ်နားက လှုပ်ရွနေသည့်နှုတ်ခမ်းသားလေးက အိစက်လွန်းတယ်။မျက်လုံးတွေ မှိတ်ပြီး ခံစားမှုကို ပုံဖော်မိတော့
လမ္ဘာရောက်သွားသလို ခံစားရတယ်။ကြယ်တာရာတွေဖြင့် ဝန်းရံနေသည့် သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာ လေဟာနယ်ထဲ  လွင့်မျောနေသလိုပင်။

"ကိုကိုလို့!"

"အ့"

သွားဖြင့် ဖိကိုက်လာတာကြောင့် နာကျင်စွာ အော်ငြီးမိတယ်။ဒါပေမယ့် ရင်ခွင်ထဲကသူကတော့ မသနားသည့်အပြင် ဆူပုတ်နေသည်။

"အသေးလေး ခေါ်နေတာကို ဘာလို့ မ ထူးတာလဲ"

ငုံကြည့်လိုက်မှ အီမာခ် နောင်တရတော့သည်။မျက်လုံးဝိုင်းဝိုင်းလေးက ယောင်္ကျားလေးမတန်ဘဲ အရမ်းလှပနေသည်။စိတ်ဆိုးနေသည့်ကို လှပနေဆဲမျက်ဝန်းတွေဆီမှာ အီမာ့ခ်က ပိတ်မိသွားပြီး နင့်နင့်သည်းသည်းစိုက်ကြည့်နေမိတယ်။သေးသေးလေးတုန်းက အသည်းယားခဲ့သမျှ အခုမှ အချစ်စိတ်ဝင်လာသလိုပင်။

Markhyuck One Shot  CollectionDonde viven las historias. Descúbrelo ahora