너 와 나 (UNI)

389 66 13
                                    


Part(2)

မျက်စိရှေ့မှာတင် ငါးနှစ်သားအရွယ်ကဲ့သို့ ပြောင်းလဲလာသောအသေးလေးကို ကြည့်ပြီး  ပြုံးနေမိတယ်။ဒီသေးသေးလေး တဖြည်းဖြည်း အရွယ်ရောက်လာရင် ဘယ်လိုပုံစံလေး
ဖြစ်မလဲ တွေးမိတော့ သိချင်စိတ်နှင့် စိတ်လှုပ်ရှားလာသည်။အရင်က သူ့လက်ဖဝါးပေါ်မှာ လှုပ်ရွပြေးလွှားနေသောအသေးလေးက အခုတော့ နေရာအနှံ့ပြေးလွှားဆော့ကစားနိူင်နေပြီ။ယိုဘူးလေးထဲမှာ ညစ်တူးလေးဖြစ်ခဲ့တာ သူမဟုတ်သလို  စားစရာတွေကိုလည်း အိန္ဒြေရရ စားတတ်နေပြီ။တစ်နေ့တစ်ခြား မရိုးသောအပြုအမှုတွေဖြင့် ချစ်ဖို့ကောင်းလာသောဒီသေးသေးလေးက အီမာ့ခ်အတွက် ပျော်ရွှင်မှုလေးဖြစ်၏။

အထီးမှုတွေကို Eric က ကုစားပေးပြီး FullSun လေးကတော့ သူ့ဘဝရဲ့ နေရောင်ခြည်လေး ဖြစ်လာခဲ့တယ်။နွေးထွေးမှုတွေနှင့် သူ့ဘဝကို
တောက်ပစေတဲ့ကလေးလေး။ပြီးတော့ သူသိပ်ပြီး တွယ်တရတဲ့ကလေးလေး။

«ဟေ့...»

Pizza ကို အားရပါးရစားနေသောအသေးလေးက အီမာ့ခ်အသံကြားတော့ လှည့်ကြည့်လာသည်။

«တော်တော့။မင်းဗိုက် ပေါက်ထွက်တော့မယ်»

အောက်နှုတ်ခမ်းလေးက အရှေ့သို့ထွက်လာပြီး အီမာ့ခ်ကို ပေစောင်းစောင်းလေး ကြည့်လာသည်။

«အဲ့နှုတ်ခမ်းတွေ ပြန်ပိတ်ထား။မဟုတ်ရင် ငါ ဆွဲလိမ်လိုက်မှာ»

လက်ကပါ ဆွဲလိမ်ရန် ဟန်ပြင်လိုက်တော့ နေရာမှာ ထထွက်သွားလေရဲ့။ကြည့်ပါဦး။ဘယ်သူအားကိုးနဲ့ အီမာ့ခ်ကို စိတ်ကောက်နေရဲတာလဲ။ဒီအိမ်မှာ သူနှင့်ကိုယ် နှစ်ယောက်တည်းလေ။

«ဟေ့..ဒါ ဘယ်လဲ။လူကြီးက စကားပြောနေရင် ဆုံးအောင် နားထောင်မှာပေါ့ »

မကြားချင်ယောင်ဆောင်ပြီး အပေါ်သို့ တောက်တောက်တတ်သွားသောအသေးလေးဟာ တကယ့်ကို ဂျစ်တူးလေး။စကားမပြောတာပဲ ရှိတယ်။စိတ်ဆိုး၊စိတ်ကောက် သူ အကုန်တတ်တယ်။

အီမာ့ခ် သက်ပြင်းချပြီး အပေါ်ထပ်ကို တတ်လာခဲ့တယ်။ဒီသေးသေးလေးက စိတ်ကောက်ရင် သူများနှင့် တူတာမဟုတ်ဘူး။တစ်နေ့လုံး၊တစ်ညလုံး ဘီရိုထဲ ဝင်ပုန်းနေတတ်တယ်။အိပ်ခန်းတံခါးကို ဖွင့်ပြီး ဝင်လာခဲ့သော ထုံးစံအတိုင်း အသေးလေးက အီမာ့ခ်ရဲ့အဝတ်အစားဗီရိုထဲမှာ ဝင်ပုန်း‌နေသည်။ဗီရိုရှေ့မှာ ထိုင်ချလိုက်ပြီး အနည်းငယ်ဟနေသော တံခါးရွက်လေးမှာ ချောင်းကြည့်လိုက်တော့ အသေးလေးက ထောင့်မှာကပ်၍ ငြိမ်နေသည်။

Markhyuck One Shot  CollectionWhere stories live. Discover now