운이 좋은 _넷(UNI)

454 68 11
                                    

Tittle  _ Lucky

By      _ EXO

Haechan။သူ့အပြောအရ ကျွန်တော်ဟာ လွန်ခဲ့တဲ့(၇)လလောက်က ဝိညာဉ်တစ်ကောင်အနေဖြင့် လျှောက်သွားခဲ့ပြီး သူက ကျွန်တော်ကို မြင်ရတယ်တဲ့လေ။ဒါဟာ ဘယ်လိုယုတ်တိမရှိတဲ့စကားလဲ။ဘာဖြစ်ဖြစ် သူ့ပါးစပ်ဖျားမှာ ထုတ်သမျှစကားတိုင်း ကျွန်တော်မှ မမှတ်မိတာ။သူ လိမ်လည်း ဘယ်တတ်နိုင်မလဲ။အလိုက်တသင့်လေး နေပေးရုံလေးပဲ ရှိတော့တယ်။

« Hyung ဝိညာဉ်ဘဝနဲ့ လျှောက်သွားပြီး နှစ်လမြောက်မှာ ကျွန်တော်နဲ့တွေ့ခဲ့တာ»

«အင်း»

«အဲ့တုန်းက Hyung က ကျွန်တော်ကို Hyungလို ဝိညာဉ်တစ်ကောင်ပဲ ထင်ခဲ့တာ»

«အင်း»

သူက တကယ်ကို လူကျင့်ဝတ်တွေ မသိဘူးပဲ။
ကျွန်တော် ဘယ်လိုဟာမျိုးလေးကို ရွေးပြီး သဘောကျခဲ့တာလဲနော်။

ကျွန်တော်ရဲ့ စိတ်ပါတပါနှင့် အင်း လုပ်နေ
သည့်အသံထွက်ကို သိပါလျက်နှင့် သူ ပြောချင်ရာ ဇွတ်ပြောနေသည်။နားထဲ ဝင်တစ်ချက်၊မဝင်ချက် သူ့စကားတွေကို မနည်းသတိကပ်၍ နားထောင်နေရသည်။ သူခေါ်လာသည့် စတိုးဆိုင်ရှေ့က ထိုင်ခုံမှာ ထိုင်လျက် မြင်မြင်သမျှ လူတိုင်းကို ဘာရယ်မဟုတ် လိုက်ငေးကြည့်မိတယ်။‌ ယောင်္ကျားလေးနှစ်ယောက် လက်ချင်းတွဲပြီး လမ်းလျှောက်လာသည့်ကိုမြင်တော့ ကျွန်တော့်အကြည့်တွေက ချက်ချင်းပင် သူဆီ ရောက်သွားသည်။

«မင်းနဲ့ငါ လက်ချင်းတွဲပြီး လျှောက်ဖူးလား»

«ဟမ်..အင်း»

«လူတွေက ငါတို့ကို ဘယ်လိုတုန့်ပြန်လဲ»

« Hyung ကိုမှ လူတွေက မမြင်ရတာ »

«အာ....»

သူ့စကားမှာ ကျွန်တော် ပြောစရာ ပျောက်ရှသွားသည်။ပြီးမှ သိလိုက်ရသည်။သူ တစ်ယောက်တည်း ကျွန်တော့်နာမည်ကို ခေါ်ခွင့်ရှိပြီး သူတစ်ယောက်တည်း ကျွန်တော်ကို မြင်တွေ့ခွင့်ရသည့်ဖြစ်တည်မှုကို သူက သိပ်သဘောကျတယ်တဲ့လေ။ဘာလို့ဆို အခု လက်ရှိကျွန်တော်က သူကိုမှ မမှတ်မိတာ။ပြီးတော့ သူကို စိတ်ထဲရှိသည့်တိုင်း ချစ်မပြဘူးလေ။

Markhyuck One Shot  CollectionWhere stories live. Discover now