너 와 나

291 38 5
                                    

UNI...

Part  ( 6 )

နောက်နေ့မနက်မှာ သွားဆိပ်တတ်ပြီး ဖျားနေတဲ့အီမာ့ခ်ကို ပြုစုဖို့ ဂျယ်မင်းရောက်လာခဲ့တယ်။သားအဖတွေ တကယ်ကောင်းတယ်။အီမာ့ခ်က
နည်းနည်းလေး သတိရသည့်နှင့် အသေးလေး ဆိုပြီး ယောင်သည်။ FullSun ကလည်း သူ့ကိုကို အနားကမခွာ။လက်ကလေးကိုင်ပြီး တအီအီငိုနေသည်။ဂျယ်မင်းကတော့ FullSun ကို မျက်စောင်းတခဲခဲနှင့်။

အပိုတွေ သိပ်လုပ်တာ!!သူပဲ ကိုက်ခဲ့ပြီး။

«ဟေ့ကောင်!!မငိုနဲ့ ။ နားညီးတယ်»

FullSunကို ပိတ်ဟောက်လိုက်သည်။
အသံက တိတ်မသွားသည့်အပြင် ပိုကျယ်လာ၍
ဂျယ်မင်းမှာ စိတ်ညစ်ရသည်။နေမကောင်းသည့်သူကို ပြုစုနေရသည့်အပြင် ကလေးလိုလုပ်နေတဲ့သည့်အရူးကောင်ကိုပါ ထိန်းရဦးမယ်။သူ့ဒုက္ခက တကယ် မသေးပါလား။

«မငိုနဲ့တော့ကွာ။ငါ တကယ် စိတ်ရှုပ်လာပြီ !!»

«ဒီသားအဖတွေ လူကို ရူးအောင်လုပ်နေတယ်!!»

ဂျယ်မင်းက သူ့ခေါင်းက ဆံပင်တွေကို ဆွဲဖွပြီး ညည်းညူးလိုက်တယ်။တကယ်လည်း ဂျယ်မင်းတစ်ယောက် အရူးနှင့်တူနေပါပြီ။ခေါင်းစုတ်ဖွား‌နှင့် ဆံပင်တွေထိုးထိုးထောင်ထောင်တွေက ငှက်သိုက်အလား။

«မင်းနဲ့ ရန်မဖြစ်သေးဘူး။ကိုကို နိုးလာမှ ပြန်တိုင်ပြောမယ်»

FullSun က သူ့မျက်ရည်တွေကို လက်ဖမိုးနှင့် သုတ်ပြီး ရန်တွေ့လာသည်။ဂျယ်မင်းက သူ့ကိုကို,ကို ကြောက်မယ်တဲ့လား။ဝေးသေး။သားအဖနှစ်ယောက်လုံး မြောင်းထဲ လွှင့်ပစ်လိုက်မယ်။

«တိုင်ပြောလေ။ငါကလည်း မင်းအဖေကို မကြောက်ဘူး»

«သားအဖ မဟုတ်ဘူးဆို!!»

နေမကောင်းသည့်အီမာ့ခ်ကို မေ့ပြီး FullSun က ထအော်လိုက်သည်။ဂျယ်မင်းမျက်နှာကတော့ စပ်ဖြီးဖြီးနှင့်။သူ့စကားကို မခံမရပ်နိုင်ဖြစ်နေသော FullSun ကို ကြည့်ပြီး သဘောတွေကျနေသည်။

«ဒါဆို ဘာလဲ။ညီအစ်ကိုလား »

«ချစ်..ချစ်သူတွေ»

ဂျယ်မင်းကို မရဲတရဲလေး ဆိုလိုက်သည်။အခုရက်ပိုင်း ကိုကိုက သူကို ဂရုမစိုက်သလို စိုက်သလိုနှင့် ပစ်ထားသည်။နှစ်ဦးနှစ်ဖက် သဘောတူကြည်နူးစွာ နမ်းရှိုက်ခဲ့သောအနမ်းတွေက ရင်ခုန်ဖို့ကောင်းသလောက် ကိုကိုက သိပ်မုန်းဖို့ကောင်းတယ်။

Markhyuck One Shot  CollectionWhere stories live. Discover now