나의 모든것(UNI)

595 63 0
                                    

UNI....

Title   _ You are my everything

By       _ NCTU

တိတ်ဆိတ်တဲ့စာကြည့်တိုက်မှာ ဆူညံ့စွာ ထွက်ပေါ်လာတဲ့အသံတွေက မင်ဟျောင်းကို စာ ဆက်ဖတ်မရအောင် အနှောက်ယှက်ပေးနေသည်။

«ဟေ့ကောင် ဂျဲနို အခုမှ အပိုတွေလုပ်မနေနဲ့။လိုက်ခဲ့ဆို လိုက်ခဲ့!!»

«ငါ အခုကစပြီး စာကြိုးစားတော့မှာ။မင်းတို့နဲ့ အပျော်အပါး မလိုက်စားတော့ဘူး»

«သောက်ရူးကောင် ! အဲ့စာကြိုးစားတာ ဘာရမှာမလို့လဲ!!»

အညိုလုံးလေးနဲ့ အပြောနှင့်အပြုအမှုတွေကိုကြည့်လျက် မင်ဟျောင်း နေရာတွင် မှင်သက်နေတယ်။မင်ဟျောင်းလည်း မသိတော့ဘူး။စာဖတ်နေတာကို နှောက်ယှက်တဲ့သူတွေကို ဒေါသထွက်
တဲ့စိတ်က ဘယ်ရောက်သွားသလဲဆိုတာ။

«ငါလည်း မသိဘူး..ကျောင်းသားဆိုတော့ စာကြိုးစားရမယ်ထင်တာပဲ»

«သောက်ရူးကောင်! ကျောင်းသားဆိုတာ ပျော်ပျော်နေရတယ်! စာချည်းပဲ အမြဲလုပ်နေတဲ့သူတွေကိုကြည့်ပါလား။သူတို့ကျောင်းသားဘဝကို စာလုပ်ရင်းနဲ့ပဲ ကုန်ဆုံးသွားကြတာ။ဘယ်လောက် နှာမြောဖို့ကောင်းလဲ။ကျောင်းသားဘဝရဲ့အရသာကို အပြည့်အဝမခံရဘူး။သောက်ရူးတွေ သိလား။စာလုပ်တဲ့ကောင်တွေက!»

သူငယ်ချင်းဖြစ်သူ စကားကို နှုတ်ခမ်းကြီးဆူထော်ပြီး ‌စာလုပ်တဲ့သူတွေမကောင်းကြောင်း
ကို အပီအပြင်ပြောနေတဲ့အညိုလုံးလေးက သူရောက်နေတဲ့နေရာကိုမေ့ကာ အသံကျယ်‌ကျယ်နှင့်ပြောနေသည်။

စာကြည့်တိုက်မှာ အကုန်လုံးက စာဖတ်နေကြတဲ့သူတွေချည်းပဲ။သူ မလို့ပြောရဲတယ်။

«ချစ်စရာလေး»

စာကြည့်တိုက်ထဲမှာ စာလုပ်နေတဲ့သူငယ်ချင်းကို ခေါ်ဆောင်သွားတဲ့အညိုလုံးလေးကိုကြည့်ပြီးမှ
မင်ဟျောင်း ရေရွတ်လိုက်သည်။ပြီးမှ ကိုယ့်အဖြစ်ကိုကိုယ့် တစ်ချက်ရယ်မောပစ်သည်။
အီမင်ဟျောင်း မပီသလိုက်တာ။

🪁🪁🪁

«ဆောရီး..ငါ မမြင်လိုက်လို့»

မင်ဟျောင်းကိုတစ်ချက်မကြည့်ဘဲ တိုက်မိသွားတာကို တောင်းပန်ပုံက ဖြတ်ရိုက်ချင်စရာ။

Markhyuck One Shot  CollectionWhere stories live. Discover now