운이 좋은 _셋 (UNI)

458 76 25
                                    

Tittle  _ Lucky

By      _ EXO

ကျွန်တော့်နားထဲ လေတိုးသံ သဲ့သဲ့ကိုကြည့်နေရသည်။ပြတင်းပေါက်လိုက်ကာစတွေ တဖျတ်ဖျတ်လှုပ်ခါနေသောအသံကြောင့် စိတ်ရှုပ်ကာ မျက်လုံးတွေဖွင့်လိုက်တယ်။သို့သော် ပိတ်ထားသောမျက်လုံးတွေဟာ မပွင့်လာခဲ့ပါ။အလို
မကျမှုတွေဖြင့်  ပြည့်နှက်နေသောမနက်ခင်းကြောင့် စိတ်ရှုပ်ကာ ကျစ်စုတ်မိပေမယ့် အသံတို့က ထွက်မလာခဲ့ပါ။တကယ်ကိုပဲ ကျွန်တော် ဘာဖြစ်နေတာလဲ။ဒီနေ့က Jinna Nonna နဲ့ ချစ်သူသက်တမ်း(၁)နှစ်ပြည့်မို့ အစောကြီး ထမယ်ဆိုရမှ ။

မျက်လုံးမှိတ်လျှင်ပင် ကိုယ်ပေါ်မှာ စောင်ကို ဆွဲဖယ်ရန် ပြင်လိုက်စဉ် လေးလံနေသောလက်တို့က  လှုပ်ရရုံလေးသာ ‌ရွေ့၏။ထုံကျင်နေသောလက်တို့က အေးစက်နေပြီး နွေးထွေးမှုကို တောင်းတနေသည်။ဒီညလည်း  Air conဖွင့်ပြီး အိပ်မိပြန်ပြီထင်တယ်။

«Hyung~»

နွေးထွေးသောလက်တစ်စုံနှင့် သာယာသောအသံလေးဆာဆာလေး။တစ်ခါမှ မကြားဖူးပေ
မယ့်အခေါ်အဝေါ်နှင့် မွှေးပျံသောကိုယ်သင်းရနံ့ကို ရင်းနှီးနေသလို ခံစားရ၍ မျက်လုံးတွေကို အားယူကာ ဖွင့်လိုက်တယ်။ဝေဝါးနေသောအမြင်အာရုံမှာ တရေးရေးမြင်လာသောလူသားတစ်ယောက်အား စက္ကန့်ပိုင်းစလောက်ကြည့်ပြီးနောက်မှ မျက်လုံးတို့အား မှိတ်ချပစ်လိုက်ရတယ်။တောက်ပနေသောအလင်းရောင်က ကျွန်တော့်မျက်လုံးတွေကို ကျိန်းစပ်စေတယ်။သို့သော်

«Hyung~သတိရပြီလား ။ Hyung »

လက်ကလေးကို ဆုပ်ကိုင်ပြီး ဘေးနားမှာ တဖွဖွလာမေးနေသောလူအား ထပ်၍ ကြည့်ချင်လာသည်။နောက်တစ်ကြိမ် မျက်လုံးတို့ကို အားယူပြီး ဖွင့်လိုက်တယ်။ရှင်းလင်းသောအမြင်အာရုံထဲမှာ ယောင်္ကျားလေးတစ်ဦးဟာ ထင်ရှားစွာ ပေါ်လာခဲ့တယ်။စွယ်တာလက်ရှည်ကြားနစ်မြုပ်နေသောလက်ချောင်းတို့အား ကျွန်တော်တို့လက်တွေကို တယုတယဆုပ်ကိုင်ထားပြီး ကျွန်တော့်မျက်လုံးတွေကို ကြင်နာမှုအပြည့်နှင့် ကြည့်နေသည်။

« Hyung ကျွန်တော်ကို  မြင်ရလား»

ကျွန်တော့်မျက်နှာရှေ့ လက်ကလေး ဝှေ့ရမ်းကာ ပြောလာသည့်သူစိမ်းကို မျက်တောင်ခတ်ရင်းသာ ကြည့်နေမိတယ်။သူက ဘယ်သူလဲ။

Markhyuck One Shot  CollectionWhere stories live. Discover now