10,000시간 (UNI)

605 70 9
                                    

Title _10,000 Hours

By     _ Dan Shay ,Justin Bieber

မီးရောင်စုံ၊ကာလာစုံ များကြောင့် မင်ဟျောင်း စိတ်ရှုပ်စွာ ကျစ်ဆုပ်မိသည်။သီချင်းသံတွေကလည်း ဆူညံ့လွန်းတာမို့ စိတ်ညစ်ရသည်။မင်ဟျောင်းကို သားလေး...သားလေး ခေါ်ပြီး အနိုင်ကျင့်နေတဲ့ချန်းလော့ကို တုတ်နဲ့နာနာသာ ရိုက်ချင်သည်။‌ဘေးအိမ်က ကလေးလေးဆိုပြီး မင်ဟျောင်းမှာ ချစ်လိုက်ရတာ။ကြီးလာတော့ မင်ဟျောင်းကို သူငယ်ချင်းလို့ဆက်ဆံတယ်။အခုအဆင့်တတ်ပြီး သားတစ်ယောက်လို ဆက်ဆံပြန်သည်။မင်ဟျောင်းအသက်(၂၃)အထိ တစ်ခါမှ မရောက်ဖူးတဲ့ကလပ်ကို ချန်းလော့က ငယ်ငယ်ရွယ်ရွယ်နှင့် သွားလာနေသည်။တားလည်း မရတာမို့ လွှတ်ထားပေးကာမှ ရည်းစားပါ ရသွားတယ်။တကယ့် ဟာလေး။

အခုလည်း သူ့ရည်စား အမူးလွန်းလို့ မသယ်နိုင်လို့ လာခေါ်ပေးပါဦးတဲ့လေ။ဘယ်လောက် ချစ်ဖို့ကောင်းတဲ့ဒယ်ဒီလဲ။သားလေး..ဆိုပြီး ခိုင်းစားနေတာ။အသက်ကမပြည့်သေးဘူး။ကလပ်တတ်၊အရက်သောက်နှင့် ရည်စားနဲ့ပါ ပျော်ပါးနေပြီ။

«သားလေး..ဒယ်ဒီ ဒီမှာ»

သူ့ထက် လူကောင်းနှစ်ဆမက ထွားတဲ့ကောင်လေးတစ်ယောက်ကို မနိုင်တနိုင်သယ်ရင်း ချန်းလော့က လက်ရမ်းပြသည်။ထိုအချိန်မှာပဲ မင်ဟျောင်းမျက်လုံးထဲ ဝင်လာတဲ့ကောင်လေးတစ်ယောက်။ဖွင့်ထားတဲ့သီချင်းသံအလိုက် မြူထူစွာ ကခုန်နေတဲ့ပုံရိပ်လေးက မင်ဟျောင်းကိုပါ ပျော်ရွှင်စေသည်။ထိုကောင်လေးက  ကလပ်ထဲမှာ ကခုန်ရတာကို သဘောကျနေတဲ့ပုံပဲ။ပြုံးနေတာများ..တစ်ချိန်လုံး မရပ်တော့ဘူး။

မူးပြီးကနေတဲ့သူက ဘာလို့ မြိုချပစ်ချင်တဲ့အထိ ချစ်ဖို့ကောင်းနေရတာလဲ။အရက်သမားဆိုတာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေရမှမဟုတ်ဘူးလား။ဘာလို့ ဒီကောင်လေးမှ ချစ်ဖို့ကောင်းပြီး တစ်ချိန်တည်းမှာပဲ ဆွဲဆောင်မှုရှိနေရတာလဲ။

«သားလေးရေ...ဒယ်ဒီကို ကူညီပါဦး!!»

သီချင်းသံကိုပါ ဖုံးကွယ်စေတဲ့ချန်းလော့ရဲ့အော်သံကြောင့် မင်ဟျောင်း သတိဝင်လာသလို
ထိုကောင်လေးကလည်း မင်ဟျောင်းတို့ဘက်ကို လှည့်ကြည့်လာသည်။ရူးတော့မှာပဲ။ထိုကောင်လေးမျက်ဝန်းတွေက ညှို့အားပြင်းလိုက်တာ။

Markhyuck One Shot  CollectionHikayelerin yaşadığı yer. Şimdi keşfedin