흑백 영화 (UNI)

551 67 11
                                    

Tittle _ Black Clouds
By _ NCT 127

၂၃နှစ်အရွယ် လူငယ်တစ်ဦးရဲ့တတ်ကြွသောခြေလှမ်းတွေက ရှန်ဟိုင်းမြို့လယ်ခေါင်မှာ တည်ရှိနေသည်။မဝေးတော့တဲ့အိမ်မက်တွေအတွက် စိတ်ကျေနပ်မှုအပြည့်နှင့်လှမ်းနေသည့်ဟယ်ချန်း၏ ခြေလှမ်းတွေက ရပ်တန့်သွားသည်။ရုတ်တရက်ကြီး ပြောင်းလဲသွားသည့်ကောင်းကင်ကို မော့ကြည့်နောက်မှ အခန်းထောင့်မှာ ကျန်ခဲ့သောအဖြူရောင်ထီးလေးကို မျက်လုံးထဲ မြင်ယောင်လာသည်။

«တကယ်ပါပဲ။မိုးရွာချလိုက်ရင် ဘယ်လိုလုပ်မလဲ။မြန်မြန်သွားမှ »

တစ်ယောက်တည်း ရေရွတ်ကာ အပြေးလှမ်းနေသောခြေလှမ်းတို့ဟာ တိခနဲ့ ရပ်တန့်သွားပြီး အတိတ်က မှတ်ဉာဏ်ဟောင်းတွေက ဟယ်ချန်းအနားမှာ ‌ရုပ်ရှင်ဇာတ်ကားပြနေသလို ထင်ရှားလာသည်။

{ဒီနေ့လိုမျိုး ထီးမပါတဲ့နေ့မှာ၊တိမ်တွေ အရောင်ပြောင်းပြီး မည်းမှောင်နေတဲ့အချိန်မှာ မားခုနဲ့ စတင်ပြီး တွေ့ဆုံခဲ့တယ်။ အနီရောင် Hoodieကို ခေါင်းစွတ်ထားတဲ့မားခုက ထီးလေးတစ်ချောင်းနှင့် ဟယ်ချန်းဆီကို လှမ်းလာနေတဲ့ပုံရိပ်က လှပလွန်းတယ်။မျက်တောက်မခတ်ဘဲ ငေးကြည့်နေတဲ့ဟယ်ချန်းက အရှက်မဲ့တယ်ပြောရမလား၊ရဲတင်းလွန်းတယ် ပြောရမလား။

မိုးရေထဲမှာ အသက်ဝင်နေတဲ့ပုံချီကားချပ်လေးလ်ို လူသားနီနီရဲရဲလေးက ဟယ်ချန်းကို နွေးနွေးထွေးထွေးပြုံးပြလာသည်။

«မိုးလေဝသာ ကြောညာချက်ကို နားမထောင်ခဲ့ဘူးလား»

အပြောနှင့်အတူ အုပ်မိုးလာသည့်ထီးလေးအစား ထီးပိုင်ရှင်ကိုသာ ငေးကြည့်မိတယ်။နားထဲ စကားပြောသံသဲ့သဲ့ကြားလိုက်ပေမယ့် မိုးသံတွေကြောင့် ဟယ်ချန်း သေချာစွာ မကြားလိုက်ပါ။

«စိုကုန်လိမ့်မယ်»

ဟယ်ချန်းရဲ့ရေစိုပြီးသားခန္ဓာကိုယ်ကို ခါးမှတစ်ဆင့် လှမ်းဖက်ကာ ပြောလာသည့်နီတာရဲလေးကို တွေတွေလေး ကြည့်နေမိတယ်။သူက ဘာကိုဂရုစိုက်နေတာလဲ။ဟယ်ချန်းက ရေစိုပြီးသားလူတစ်ယောက်လေ။

နီးကပ်လွန်းသည့်အနေအထားကြောင့် အနည်းငယ် အနေရခက်လာသည်။ထီးသေးသေးလေးအောက်မှာ ဒီလိုသူစိမ်းတစ်ယောက်နဲ့ နှစ်ယောက်အတူတူ မျက်နှာချင်း‌ဆိုင် ရပ်နေတာ ဟယ်ချန်းရဲ့ရင်ကို ပေါက်ကွဲမတတ်ခုန်စေတယ်။

Markhyuck One Shot  CollectionWhere stories live. Discover now