운이 좋은 _ 하나(UNI)

508 65 23
                                    

UNI...

Tittle _ Lucky

By _ EXO

ဆေးရုံးကုတင်ပေါ်မှာ လှဲလျောင်းနေသော
သူရဲ့ခန္ဓာကိုယ်ကို ကြည့်လျက် Mark ဟာ စိတ်ပျက်လက်ပျက်ဖြစ်နေသည်။သူ့ဘဝကြီးက အသက်ရှင်စရာ ဘာအကြောင်းမှ မရှိတော့ဘူး။ဒီနေ့ပဲ သူ သိခဲ့ရတယ်။သူ ချစ်ခင်ပြီးလေးစာရသည့်မိန်းကလေးက သူကို လိမ်ညာလှည့်စားပြီး ချစ်ခဲ့တယ်။သူဆီက ချစ်ခြင်းမေတ္တာတွေကို လိမ်ညာပြီး ယူခဲ့တယ်။သူပေးခဲ့မေတ္တာတွေက အစစ်အမှန်တွေ ဆိုပေမယ့် တစ်ဖက်လူက အလေးအနက်မထားဘူး။မိဘတွေ မရှိတော့သည့်နောက်ပိုင်း သူရဲ့တစ်ခုတည်းသော အမှီသဟဲလေး၊သူရဲ့ဘဝရဲ့အလင်းတန်းလေးက သူအပေါ် သစ္စာဖောက်ခဲ့တယ်။ဒါဟာ ဘယ်လောက်ထိ နာကျင်ဖို့ ကောင်းသလဲဆို အသက်ပင် ပြန်မရှင်ချင်တော့ဘူး။

စိတ်တွေ ထွေးပြီး နာကျင်နေသောနှလုံးသားတစ်ခုဟာ အခန်းထဲဝင်လာသောသူကို မြင်လိုက်သည့်အချိန်မှာ ဒေါသတွေထွက်လာသည်။Markရှိရာအခန်းထဲ ပန်းစည်းတွေ၊တပွေ့တပိုက်နှင့် ဝင်လာသည့် Jinna Nonna ကို မကြည့်ချင်၍ အခန်းထဲမှာ ထွက်ဟန်ပြုလိုက်သည်။မကျေနပ်ချက်နှင့်
ပုခုံးကို တိုက်လိုက်သော်လည်း ဝိညာဉ်ဖြစ်တဲ့သူဟာ Jinna Nonna ရဲ့ပုခုံးကို တိုက်ဖို့မပြောနှင့် ။ထိ၍ပင် မရပါ။မွန်းကြပ်မှုနှင့်အတူ ဒေါသက ပို၍ ထွက်လာသည်။

ထို့ကြောင့် စိတ်ရှုပ်ရှုပ်နှင့် ပိတ်ထားသည့်တံခါးပေါက်ကို ဖြတ်၍ ထွက်လာခဲ့သည်။သစ္စာမရှိတဲ့လူတစ်ယောက်အနားမှာ တစ်စက္ကန့်လေးတောင် မနေချင်ဘူး။ဆေးရုံးဝန်းကို ကျောခိုင်းလိုက်သည့်နှင့် ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။နောက် ဘယ်တော့မှ ဒီနေရာကို ပြန်မလာတော့ဘူး။ပြီးတော့ Jinna Nonna ကိုလည်း မချစ်တော့ဘူး။

ကားတိုက်မှုဖြစ်ပြီး ကိုမာဝင်နေသော Markဟာ သူရဲ့ရှင်သန်ရာလေးနောက် တကောက်ကောက်လိုက်နေရာမှ သိခဲ့ရ‌သောအမှန်တရားကို ခံပြင်းဒေါသထွက်၍ Jinna Nonna နှင့် အဝေးဆုံး ထွက်သွားခဲ့သလို သူ ပြန်ဝင်ဖို့ ခဏ ခဏ ကြိုးစားခဲ့သည့်သူရဲ့ခန္ဓာကိုယ်ကို ဖြစ်ချင်ရာဖြစ်၊ပစ်ထားပြီး ကမ္ဘာသစ်တစ်ခုကို ခြေဆန့်ခဲ့တယ်။

Markhyuck One Shot  CollectionWhere stories live. Discover now