사랑을 주다 (UNI)

928 77 16
                                    

Tittle _Give Love

Cover By _SungChan,Jihoon,YuJin
                    (MC Special )

«Makkeuri!!!!»

«Makeu ya!!!!»

«Imakeu»

«Oww Canada»

«mwaarrk»

«makgeol lee !! Let's Go!!!»

«malk»

မင်ဟျောင်းနာမည်ကို  ပေါက်ကရခေါ်ပြီး အားပေးနေတဲ့ဒုံဟျော့ခ်အသံက အားကစားရုံမှာ  ကျယ်လောင်စွာ ထွက်ပေါ်လာ၏။အားပေးခံရတဲ့မင်ဟျောင်းက အားတတ်,မတတ်မသိဘူး။ဘေးနားကလူတွေက နားကွဲမတတ်ပါပဲ။

ဒုံဟျော့ခ်တစ်ယောက်တည်း မင်ဟျောင်းကို အားပေးနေတာလားဆို မဟုတ်ပါဘူး။ကောင်မလေးတွေ အားလုံးလည်း မင်ဟျောင်း ဘောလုံးကစားနေတာကို အားပေးနေကြသည်။ဒါပေမယ့် ဒုံဟျော့ခ်လောက် ကျယ်လောင်အောင် ဘယ်သူမျှ မအော်ကြပါ။

«သားလေး တော်တယ်!!!!»

မင်ဟျောင်း တစ်ဖက်အသင်းက ဘောလုံးကို လုယူသွားတဲ့အချိန် လင်ပိုင်းအသံ စူးစူးက နားကွဲမတတ်ထွက်ပေါ်လာ၏။ဒုံဟျောခ့် အသံလိုက်ရာ ချန်းလော့ဘက်ကို မျက်စောင်း လှည့်ထိုးပေးလိုက်တယ်။ဘာ သားလေးလဲ။လူကြည့်တော့ လက်တောက်လောက်နဲ့။အဖေ သိပ်လုပ်ချင်နေတယ်။မင်ဟျောင်းကလည်း ကျက်မပြည့်ဘူး။
သူ့ထက် ၂နှစ်ငယ်တဲ့ချန်းလော့ကို ဒယ်ဒီ တဲ့လေ။မင်ဟျောင်းရဲ့ဒယ်ဒီခေါ်သံကြားပြီး ဒုံဟျော့ခ်မှာ ရှက်လွန်းလို့ ကျောင်း(၃)ရက်လောက် မတတ်နိုင်ဘူး။

အချစ်မှာ နှလုံးသားက အရေးကြီးဆုံးဖြစ်မယ်။
မင်ဟျောင်းကို အပေါ်ယံရုပ်ရည်ကြည့်ပြီး
ဒုံဟျော့ခ် သဘောကျခဲ့တာ မဟုတ်ဘူး။

မင်ဟျောင်းက ကျက်မပြည့်ဘူး။ပြီးတော့ သုံးမိနစ်လောက် မရပ်မနား စိတ်ပျက်စရာကောင်းအောင် ရယ်တတ်တယ်။ဒါပေမဲ့ ဒုံဟျော့ခ် မငြိုမငြင်ချစ်၏။နောက်လည်း ငြိုငြင်မှာ မဟုတ်ဘူး။ရေရှည် သည်းခံပြီး အနစ်နာခံပြီး ထာဝရ ချစ်သွားမှာ....

«ဝိုးးးးးမာကောလီ အမိုက်ဆုံးပဲ!!!»

တစ်ဖက်အသင်းက မင်ဟျောင်းဆီက ဘောလုံးဖြတ်လုသွားတာကို အမိုက်ဆုံးပဲ ထအော်တဲ့
ဒုံဟျော့ခ်ကို မင်ဟျောင်းက စိတ်ပျက်စွာ လှည့်ကြည့်၏။ဒုံဟျော့ခ်ကို မုန်းနေတဲ့မင်ဟျောင်းအပြုအမှုလေးကအစ ချစ်ဖို့ဖြစ်လာတာ
ဒုံဟျော့ခ်ရဲ့ချစ်တဲ့စိတ်ပါပဲ။

Markhyuck One Shot  CollectionWhere stories live. Discover now