너 와 나

386 50 12
                                    

UNI....

Part ( 5 )

တစ်ပတ်လုံး အရှက်ကြီးနေသောအီမာ့ခ်က
သူ့ဟာသူ အရှက်ဖြေရင်း အခန်းအောင်းနေရမှ FullSunနှင့်မျက်နှာချင်းဆိုင်ရန် ထွက်လာခဲ့သည်။တိုက်တိုက်ဆိုင်ဆိုင် Kiss Scene ကြည့်နေသော သူ့အသေးလေးကိုမြင်တော့ မျက်နှာကြီး ချက်ချင်းနီရဲလာသည်။

«တော်ပြီ အသေးလေး ။ အရင်လို ကာတွန်းစာအုပ်ပဲ ဖတ်နေ »

အပြောနှင့်အတူ လက်ထဲမှာဖုန်းကို လုယူလိုက်သည်။

«ကာတွန်းစာအုပ်ထဲမှာ နမ်းတဲ့အကြောင်းမှ မပါတာ »

ဒီတစ်ခါမှာတော့ အီမာ့ခ်က သူ့ပါးစပ်ကို သူ တကယ် ဖြတ်ရိုက်လိုက်မိတယ်။မကောင်းတဲ့ပါးစပ်။နောက် ဘယ်တော့မှ အသေးလေးနဲ့ စကားမပြောတော့ဘူး။

မျက်နှာကြီးနီပြီး စိတ်ဆိုးသွားသောအီမာ့ခ်ကို ကြည့်ပြီး FullSun က အမြန်ပြေးတားရသည်။
မတားလို့လည်း မရတော့ပါ။အီမာ့ခ်က သူကိုမြင်သည့်နှင့် ပတ်ပြေးနေသည်မှာ တစ်ပတ်ရှိပြီ။ရှားရှားပါးပါးစကားလာပြောသည့်ကို မနေနိုင်မထိုင်နိုင် ရန်တွေ့လိုက်မိတယ်။

«ကိုကို»

အော်ခေါ်သံနှင့်အတူ FullSun က အီမာ့ခ် အရှေ့မှောက် လေလိုအလျင်နှင့် ရောက်လာခဲ့သည်။
လူက ရှက်လွန်လွန်း ပျောက်ကွယ်သွားချင်ပါတယ်ဆိုမှ။တကယ်ပါပဲ။

«ဘာလဲ။ဘာပြောမလို့လဲ»

နီရဲနေသည့်မျက်နှာနှင့် ရန်ပြန်တွေ့လိုက်တယ်။

«အသေးလေး မနမ်းတတ်ဘဲ နမ်းလိုက်လို့ စိတ်ဆိုးနေတာ မဟုတ်လား»

တိုက်ရိုက်ကြီး မျက်နှာတည့်တည့်ကြည့်လျက်
မေးလာသည်။အီမာ့ခ်မှာ မလှုပ်မရပ်နှင့်။
ရှက်လွန်းအားကြီးပြီး အ‌ရည်ပျော်ကျတော့မည်။

«အရင်လို အသေးလေးကို စကားပြန်ပြောပါ။နောက် ကိုကို စိတ်ဆိုးအောင် မလုပ်တော့ဘူးလေနော်»

ဝိုင်းစက်နေသောမျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့် အီမာ့ခ်ကို ကြည့်လာသည်။ခက်သည်။အီမာ့ခ်မှာ ဒီအသေးလေးကို စိတ်မဆိုးခဲ့တာ။ဒီအတိုင်း ရှက်စိတ်ကြောင့် ရှောင်ဖယ်ခြင်းဖြစ်၏။

Markhyuck One Shot  CollectionWhere stories live. Discover now