겨우살이(UNI)

545 68 24
                                    

Tittle _ Mistletoe
Cover By _ Mark

2021 December 25

တဖွဲ့ဖွဲ့ကျဆင်းနေသောနှင်းမှုန့်‌လေးတွေဟာ အစုံလိုက်၊အပြုံလိုက်နှင့် လမ်းမထက်မှာ ဖြူဖွေးနေလျက်ရှိသည်။ရောင်စုံမီးသီးတွေကလည်း လမ်းမထက်မှာ ချိတ်ဆွဲထားပြီး နေရာတိုင်းမှာ လှလှပပနှင့် ချစ်စရာကောင်းနေသည်။Christmas tree တွေကို အလှဆင်ထားသည့်မြင်ကွင်းဟာ တစ်နှစ်ပတ်လုံးရဲ့အလှပဆုံးအချိန်ဖြစ်ပြီး လူတိုင်းကို ပျော်ရွှင်စေသည့် December ညချမ်းလေးဖြစ်သည်။အေးချမ်းမှုတွေနှင့်အတူ အေးချမ်းစေသည့်အပြုံးနုလေး‌ကို ကြည့်ပြီး Christmas အရသာကို ခံစားနေသော မာ့ခ်လီကတော့ အနွေးထည်အင်္ကျီလက်ရှည်
အိပ်ကပ်ကြားထဲ လက်နှစ်ဖက်ထည့်လျက် ငြိမ်သက်‌နေသည်။ဘေးပတ်ဝန်းကျင်မှာ ဆူညံ့သံတွေကို မေ့လျော့ပြီး နေရာမှာရပ်‌နေတဲ့မာ့ခ်လီကို သူငယ်ချင်းတွေက ကြည့်လျက် ခေါင်းခါနေကြသည်။

Stana ဖိုးဖိုးကြီးဆီက တန်ဖိုးကြီးလက်ဆောင်တွေ၊ကျဆင်းနေသည့်နှင်းစက်၊နှင်းမှုန့်တွေဖြင့် မဆော့ကစားဘဲ ငြိမ်နေသည့်မာ့ခ်လီက ဘာအတွက်ကြောင့် Christmas ပွဲကို လိုက်ခဲ့သေးသလဲ။လူတွေအများကြီး အပျော်ရှာသည့် Christmas ပွဲမှာ ငြိမ်ပြီး ရပ်နေသည့်မာ့ခ်လီမှ မရူးရင် ဘယ်သူက ရူးပါ့မလဲ။ရူးနေတာ မဟုတ်ရင်လည်း မာ့ခ်လီလိုလူမျိုးက အိမ်မှာပဲ အိပ်နေသင့်တယ်။

«မင်းကို အတင်း မခေါ်ခဲ့သင့်ဘူး»

အနောက်မှာ ပခုံးကို လှမ်းပုတ်ပြီးပြောလာသည့်ဂျောင်ဝူးစကားကိုကြားတော့ မာ့ခ်လီက နှုတ်ခမ်းလေး တွန့်ရုံလေးပြုံးလိုက်တယ်။အစက ဒီပွဲကို ဟယ်ချန်း လာမယ်မှန်းမသိလို့ သူ ငြင်းခဲ့တာလေ။

«ရပါတယ်။အခုလည်း ငါ ပျော်နေပါပြီ»

ဂျောင်ဝူးရဲ့မျက်ခုံးတွေက မြင့်တတ်သွားပြီး မာ့ခ်လီကို ထူးဆန်းစွာ ကြည့်လာသည်။တစ်ချိန်လုံး ငြိမ်နေတဲ့သူက ပျော်နေပြီတဲ့လေ။

«မင်း ရူးနေတာ မဟုတ်ပါဘူးနော်»

မာ့ခ်လီ မတတ်နိုင်စွာ ရယ်မိတယ်။သူ တကယ်ပျော်နေတာကို ဘယ်သူမှ မသိကြဘူး။

Markhyuck One Shot  CollectionWhere stories live. Discover now