너 와 나

252 38 7
                                    

UNI...

Part (10)

ဟယ်ချန်းက ညနေစောင်းမှာ ကိတ်ဆိုင်ကို စောစောသိမ်းပြီး ဟန်မြစ်ကို ထွက်လာခဲ့သည်။တိုက်တိုက်ဆိုင်ဆိုင် ဂျယ်မင်းနှင့် လမ်းမှာတွေ့ပြီး စကားတွေ အများကြီးပြောဖြစ်ကြသည်။အရင်ဘဝက ဂျယ်မင်းနှင့်မတည့်ခဲ့သလောက် ဒီဘဝမှာတော့ ဂျယ်မင်းက သူရဲ့ချွဲစိန်လေးဖြစ်လာသည်။သူကို မြင်သည့်နှင့် ပြေးလာပြီး ကပ်ချွဲတတ်သည့်
ဂျယ်မင်းက  သူကို စတွေ့တုန်းက ဦးလေးကြီး
ဟု အသံပြဲကြီးနှင့်အော်ခေါ်ခဲ့သည့်ကလေး မဟုတ်သည့်အတိုင်းပင်။

«အစ်ကိုဟယ်ချန်းနီး...မင်ဟျောင်း
အခုတလော ကောင်မလေးတွေနဲ့ တွဲနေတယ်။တားလည်း မရဘူး»

ဂျယ်မင်းရဲ့အသိပေးစကားမှာ သူ့စိတ်တွေက ဗလာဖြစ်သွားသည်။မင်ဟျောင်းကလေ။ကောင်မလေးတွေနဲ့ တွဲနေတယ်တဲ့လား။

«အဲ့ကောင်မလေးက ဘယ်လိုနေလဲ ။ ချောလား။
သူ တကယ်ချစ်တဲ့သူလား»

«ကျွန်တော်လည်း သေချာမသိဘူး။သူ သဘောကျနေတဲ့သူက တစ်ခြားလူတစ်ယောက်ကို ကြိုက်နေတယ်လို့တော့ ပြောတယ်»

ဟယ်ချန်းရဲ့စိတ်တွေက အမှောင်ကမ္ဘာတည်းရောက်သွားသလိုပင် မှောင်မဲပြီး လမ်းပျောက်နေခဲ့တယ်။ကိုကိုက ကတိမတည်ဘူး။သူကို
ဘဝအဆက်ဆက်ချစ်နေမယ်လို့ ကတိပေးပြီးမှ
အခုလိုလုပ်ရက်တယ်။

«ဘယ်သူလဲဆိုတာ ဂျယ်မင်း သိလား»

«ဟင့်အင်း။ကျွန်တော်တောင် အစ်ကို, ကို မေးမို့။ တစ်ခါမှ မပြောပြဘူးလား»

«ဟင့်အင်း»

ဟယ်ချန်းက အသက်မပါသလိုမျိုး ခေါင်းခါပြသည်။မင်ဟျောင်းပြောင်းလဲသွားကတည်းက သူ ဘာမှမမျှော်လင့်ဘဲ နေခဲ့ရမှာ။အခုတော့ သူ့ရင်ထဲ အပေါက်ကြီးဖြစ်နေပြီ။

«မိုးချုပ်နေပြီ။ပြန်ကြရအောင်»

«အင်း»

ဂျယ်မင်းနှင့် လမ်းအတူလျှောက်ရင်း ပြန်လာခဲ့သည်။ကားမှတ်တိုင်မှာ ဂျယ်မင်းကို ကားကူစောင့်ပေးပြီး သူကတော့ လမ်းလျှောက်ပြီး ပြန်လာခဲ့တယ်။လျှပ်စစ်မီးပြတ်နေ၍ မှောင်မဲနေသောလမ်းကြားထဲမှာ သူက တရွေ့ရွေ့လျှောက်လမ်းနေပြီး အတွေးတွေ ချာချာလည်နေသည်။
လူပြည် လာခဲ့တာ မှားများမှားနေပြီလား။

Markhyuck One Shot  CollectionWhere stories live. Discover now