너 와 나 (UNI)

372 46 18
                                    

Part (4)

နောက်ပိုင်း အီမာ့ခ်က မျက်စိရှေ့မှာ သူ့သေးသေးလေးကို လုံးဝ မပျောက်မခံဘဲ အရိပ်တကြည့်ကြည့်ဖြစ်လာခဲ့တယ်။အနားက ပျောက်သွားခဲ့ရင်လည်း လိုက်ရှာပြီး ပူပန်တတ်ရပြန်တယ်။

ဒါပေမယ့် အသေးလေးက သူကို လာကပ်လာရင်တော့ အနည်းငယ် တွန်းထုတ်လိုက်ရမှ သေချာတယ်။

«ကိုကိုရေ »

စာကြည့်နေတဲ့အီမာ့ခ်ဆီ စောင်နှင့်ခေါင်းအုံး ပွေ့
ပိုက်ပြီးရောက်လာတဲ့အသေးလေးက အခန်းထဲ မရောက်သေးဘူး။အသံက အရင်လာလေသည်။

«ဘာလဲကွာ။ငါ စာလုပ်နေတယ်»

«ကိုကိုကလည်း ..အသေးလေးဆို အော်ဖို့ပဲ»

ထုံးစံအတိုင်း ဆူထော်နေသောနှုတ်ခမ်းတို့ဖြင့် ရန်တွေ့လာသည်။အီမာ့ခ်က မျက်မှောက်ကြုတ်ကြည့်ပေးလိုက်တော့ မျက်လွှာလေး ချလို့ မရဲတရဲဆိုလာသည်။

«အသေးလေး တစ်ယောက်တည်း မအိပ်ရဲလို့»

အီမာ့ခ် မျက်ခုံးလေးတစ်ဖက် ပင့်တတ်သွားသည်။ထူးထူးဆန်းဆန်း သူ့သေးသေးလေးက တစ်ယောက်တည်း မအိပ်ရဲတဲ့လေ။တကယ်ကို မာယာများတဲ့သေးသေးလေး။

«သေးသေးလေးတုန်းကတောင် တစ်ယောက်တည်းအိပ်ခဲ့သေးတာပဲ။အခုမှ အပိုလာမလုပ်နဲ့»

«အိမ်မက်ဆိုးတွေမက်တယ်။ကိုကိုက ဖက်ထားပေးရင် ကောင်းမှာပဲ »

ပိတ်အော်၍ စာပြန်လုပ်နေသောအီမာ့ခ်ရဲ့လက်တွေက အသံတိုးတိုးကြောင့် တန့်သွားသည်။ပြီးတော့ ခေါင်းလေးစောင်းပြီး ကြည့်လိုက်လေတော့ သူ့သေးသေးလေးက ကုတင်ထက်မှာ စောင်နှင့်ခေါင်းအုံးကို ပွေ့လျက် ခေါင်းငိုက်စိုက်နေသည်။ဘယ်လိုဟာလေးလဲ။သနားအောင်လည်း လုပ်တတ်တယ်။ချစ်အောင်လည်း လုပ်တတ်တယ်။

«အိပ်နှင့် »

«ဟင့်အင်း။ကိုကို့ ကို စောင့်နေမယ်»

«အလကား ဘာလို့စောင့်မှာလဲ။အိပ်နှင့် »

«ကိုကို နဲ့ အတူအိပ်ချင်လို့ »

«ပြီးရင် အတူတူအိပ်ရမှာပဲကိုး။အိပ်နှင့်ဆို အိပ်နှင့်။ငါ စာလုပ်နေတယ်။မနှောင့်ယှက်နဲ့ »

Markhyuck One Shot  CollectionWhere stories live. Discover now