민들레 (3)

339 29 23
                                    

UNI....

Tittle _ Dandelion
By _ OoHyo

«ငါ တစ်ခုပဲ တောင်းဆိုချင်တယ်...»

«အင်း ငါ သိတယ်။ငါ မင်းကို ထားမသွား‌တော့ဘူး»

Mark က ပြုံး၍ ထိုစကားကို ဆိုလိုက်သည့်အချိန်မှာ ပျော်လွန်းလို့ ပြေးဖက်မိတယ်။
မတောင်းဆိုခင်ကတည်းက လိုက်လျောဖို့အသင့်ဖြစ်နေတာလည်း အရင်တိုင်းပဲ။ပြောင်းလဲမသွားဘူး။

«မင်းက ဘာမှပြောင်းလဲမသွားဘူး»

«မင်းရော ဘာပြောင်းလဲသွားလို့လဲ»

Markရဲ့ အခုပုံစံက ရန်စွာနေတဲ့ ကျားသစ်ပေါက်
လေးတဲ့တူတယ်။အချိန်မရွေး လူကို ရန်မှုနိုင်တယ်။

«ငါလား..ပြောင်းလဲသွားတယ်လေ...မင်းကို ချစ်တယ် လို့ ဝန်ခံဖို့ သတ္တိတွေ ရှိနေပြီ»

Mark ကအနည်းငယ် ညှိုးကျသွားတဲ့မျက်နှာလေးနှင့်အတူ ခေါင်းလေးငုံသွားသည်။အမှားလုပ်ထားတဲ့လူတစ်ယောက်လို ခေါင်းငုံနေတဲ့သူ့ပုံစံကို သဘောမကျဘူး။အနည်းဆုံးတော့ ချစ်တယ်လို့ ပြန်ပြောသင့်တယ် မဟုတ်လား။ချစ်နေမှန်း သိသားနေတဲ့သူ့အပြုအမှုတွေကို မရိပ်မိရအောင် ကျွန်တော်က အရူးမှမဟုတ်တာ။

«တောင်းပန်ပါတယ်...ဒီအတောအတွင်း မင်းကို စိတ်ပူအောင် လုပ်ခဲ့မိသွားတယ်...နောက် မင်းကို ထားသွားမှ မဟုတ်သလို၊ငိုအောင်၊စိတ်ရှုပ်အောင်လည်း မလုပ်တော့ဘူး.. »

«....»

«ပြီးခဲ့တာတွေ အားလုံးမေ့ပစ်ပြီး ငါကို ချစ်တယ် ပြောပေးတာအတွက် ကျေးဇူးတင်ပါတယ်။ငါအတွက် နွေးထွေးတဲ့အိမ်လေးဖြစ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်»

ဆက်မပြောဘဲ မျက်ဝန်းတွေကို ရွှင်းရွှင်းစားစားကြည့်နေတဲ့။ Markကြောင့် အနည်းငယ် ရှက်စိတ်ဝင်လာသည်။ခေါင်းငုံဖို့ပြင်လေတော့ နူးညံ့တဲ့လက်နှစ်ဖက်က ကျွန်တော် ပါးပြင်ပေါ် နေရာယူလာပြီး သူအားကြည့်စေသည်။

«မင်းကို ငါ ချစ်တယ်..HaeChannie
အမြတ်တနိုးနဲ့ ထာဝရ ချစ်သွားပါ့မယ်»

Mark ရင်ခွင်ထဲ ပစ်ဝင်လိုက်တယ်။ပခုံးတွေကို တယုတယဖက်ထားတဲ့ Markကတော့ ပြုံးနေလောက်တယ်။မျက်ရည်တွေနှင့်အတူကျွန်တော်
လည်း ပြုံးနေခဲ့တယ်။ထိုအခိုက်အတန့်မှာ Lockမချထားတဲ့ ရုံးခန်းတံခါးလေးက ပွင့်လာသည်။
တံခါးဖွင့်သံကြောင့် နွေးထွေးတဲ့
ရင်ခွင်ထဲမှာ မရုန်းချင်ဘဲ ရုန်းထွက်လိုက်ရတယ်။မီးပွင့်မတတ် Markကို ဒေါသတကြီးကြည့်နေတဲ့မားမားကိုမြင်တော့ ကျွန်တော် နေရာမှာ ထ၍ ရပ်လိုက်မိသည်။

You've reached the end of published parts.

⏰ Last updated: Nov 16, 2023 ⏰

Add this story to your Library to get notified about new parts!

Markhyuck One Shot  CollectionWhere stories live. Discover now