유일한 (UNI)

795 64 26
                                    

Tittle _ The Only

By      _ Irene

ကော်ဖီဆိုင်ထဲရောက်သည့်နှင့် ကောင်တာမှာ ကော်ဖီနှစ်ခုကို မှာလိုက်သည်။တစ်ခွက်ကို စောင့်ယူပြီး ကျန်တစ်ခွက်ကို ဟယ်ချန်းအနား လူတစ်ယောက်လာမှ ဖျော်ပေးဖို့ Waiterကောင်လေးကို မှာခဲ့လိုက်သည်။

ကိုကိုက ကော်ဖီဆို ပူပူနွေးနွေးလေးမှ ကြိုက်တာ။ထိုကြောင့် ‌ကိုကို့အကြိုက် ပူပူနွေးနွေးလေးပဲ သောက်စေချင်သည်။Waiterကောင်လေးကို
မှာပြီးနောက် ကော်ဖီခွက်ကို ကိုင်ကာ ပြတင်းပေါက်နား သွားထိုင်လိုက်သည်။

ကော်ဖီဆိုင်လေးရဲ့ပြတင်းပေါက်ကနေ တစ်ဆင့် ရှင်းလင်းစွာ မြင်နေတဲ့ကောင်းကင်ကို မေ့ထောက်ကြည့်နေဖြစ်သည်။မြင်နေရတဲ့တိမ်လိပ်တွေက တဖြည်းဖြည်းပျောက်ကွယ်ကာ အပြာရောင်လွင်လွင်ကောင်းကင်အဖြစ်  ပြောင်းလဲသွားသည်။ပြိုတော့မဲ့မိုးလို၊ချက်ချင်း ရွာချတော့မလို ဖြစ်နေရာကနေ ရုတ်တရက်ဆန်စွာ ပြောင်းလဲသွားတဲ့ကောင်းကင်ကို ဟယ်ချန်း မော့ကြည့်လိုက်သည်။မိုးပြာရောင်ကောင်းကင်ကြီးက ကိုကို့အကြိုက်ဆုံးအရောင်ပဲ။ကိုယ့်အတွေးနဲ့ကိုယ်  သဘောကျစွာ ရယ်လိုက်မိသည်။ဟယ်ချန်း ဘယ်အရာကိုပဲကြည့်ကြည့် ၊ကိုကို့အကြောင်း ခေါင်းထဲ အရင်ဝင်လာတတ်တာ အကျင့်တစ်ခုလို ဖြစ်နေပြီ။ကိုကိုက ဟယ်ချန်းကို လွှမ်းမိုးလိုက်တာ။

ပိုမိုထင်ရှားလာတဲ့အပြာရောင် ကောင်းကင်ကြီး က တိမ်တွေ ကင်းစင်လာသည့်နှင့်အမျှ ကောင်းကင်တစ်ခုလုံးက  ကြည်လင်ပြီး ပိုလှပလာသည်။တဖြည်းဖြည်း အရောင်ပြောင်းလဲသွားတဲ့ကောင်းကင်ကြီးကို မော့ကြည့်ပြီးနောက် ဟယ်ချန်း သိချင်လာသည်။ဒီလိုပဲ ကမ္ဘာပေါ်ရှိတဲ့အရာတိုင်းက ရုတ်တရက်ဆန်ဆန်ပဲ ပြောင်းလဲသွားတာလား။တည်မြဲခြင်းတွေ ဘာကြောင့် မရှိရတာလဲ။

ဝေဝေဆာဆာဖူးပွင့်နေတဲ့ပန်းပွင့်တွေ၊စိမ်းစိုနေတဲ့အရွက်တွေကလည်း ရာသီအလိုက်ပြောင်းလဲသွားသည်။အလှတရားတွေကလည်း မှေးမှိန်းပျောက်ကွယ်သွားသည်။ဒီလိုပဲ ကိုကိုရဲ့အချစ်တွေကလည်း ဟယ်ချန်းအပေါ် အရောင်မှေးမှိန်းကာ ပျောက်ပျက်သွားနေမလား။

Markhyuck One Shot  CollectionWhere stories live. Discover now