같은 시간 같은 자리(UNI)

865 74 7
                                    

Title _Walk You Home

By    _NCTDREAM

ဟယ်ချန်း  အိမ်တန်းမပြန်ဘဲ ဂိမ်းဆိုင်ဝင်မှာ စိုးရိမ်၍ မာ့ခ်လီကိုယ်တိုင်  နေ့တိုင်း အိမ်ပြန်ပို့ပေးဖြစ်သည်။တကယ်တော့ ဒါက အကြောင်းပြချက်တစ်ခုသာဖြစ်၏။ချစ်ရတဲ့သူကို စိတ်မချ၍ လိုက်ပို့ခြင်းဆိုတာ မာ့ခ်လီပဲ သိတယ်။

ဘတ်ခ်ကားမှတ်တိုင်နဲ့ ဟယ်ချန်းအိမ်က သိပ်မဝေးပေ။အတိအကျပြောရရင် ကားမှတ်တိုင်နဲ့ ဟယ်ချန်းအိမ်ကြားမှာ ဂိမ်းဆိုင်လေးတစ်ခုပဲ ခြား၏။ဒီအကွာအဝေးလေးကို မာ့ခ်လီ သိပ်သဘောမကျပါ။နည်းနည်းလောက် ဟယ်ချန်းနီးအိမ်နဲ့ ကားမှတ်တိုင်ဝေးရင် ကောင်းမှာပဲ။မာ့ခ်လီ ဟယ်ချန်းနီးနဲ့ အချိန်အကြာကြီး လမ်းလျှောက်ရင်း စကားတွေ ပြောချင်သေးတာ။

ဘတ်ခ်ကားပေါ်က နှစ်ယောက်သားဆင်းလိုက်ပြီးလမ်းလေးအတိုင်း လျှောက်လာဖြစ်သည်။အရမ်းပျော်ဖို့ကောင်းတယ်။ဟယ်ချန်း ရယ်ပြီးစကားပြောတာလေးကို ကြည့်ရင်း လမ်းလျှောက်ရတာ မာ့ခ်လီတစ်နေ့တာရဲ့ အပျော်ရဆုံး အခိုက်အတန့်ပါပဲ ။

တဖြည်းဖြည်း  ဟယ်ချန်းအိမ်ကို နီးကပ်လာသည့်နှင့်အမျှ မာခ်လီခြေလှမ်းတွေ နှေးကွေးသွားသည်။ဒီလမ်းလေးဆုံရင် ဟယ်ချန်းနီး အိမ်ရောက်တော့မှာ။မာ့ခ်လီ ဟယ်ချန်းနဲ့ မခွဲချင်သေးဘူး။

မာခ်လီစိတ်ထဲကအတိုင်းဆိုရင်
မြင်နေရတဲ့ခုံတန်းလေးမှာ ထိုင်ပြီးမှ သွားချင်တယ်။စကားတွေအများကြီး ဟယ်ချန်းနီးနဲ့ ထပ်ပြောချင်သေးတယ်။

ဒီအခိုက်အတန့်တွေက ပျော်ဖို့ကောင်းပေမဲ့ ဟယ်ချန်းအိမ်ရှေ့ကို ရောက်လာခဲ့ပြီ။မခွဲချင်ဘဲ ခွဲရတော့မယ်။

«ကဲ..ရောက်ပြီ။ကောင်းကောင်း သွား~»

အမြဲ ခုန်ပေါက်ပြေးလွှားနေတတ်တဲ့ဟယ်ချန်းကို မာခ့်လီ စိတ်မချပါ။

«ကိုကိုလည်း ကောင်းကောင်းပြန်»

«အွန်း..ချန်းနီးလည်း ဝင်တော့။ညဘက် ဂိမ်းတွေ ဆော့မနေနဲ့။စာလည်း လုပ်အုံး။နွေးနွေးထွေးထွေးနေ ။ အအေး မမိစေနဲ့။ရေလည်း အကြာကြီး ချိုးမနေနဲ့။»

Markhyuck One Shot  CollectionWhere stories live. Discover now