민들레 (1)

393 30 5
                                    

UNI....

Tittle _  Dandelion
By     _ OoHyo

‌ဟန်မြစ်ဘေးမှာ တဖြူးဖြူးတိုက်ခတ်နေတဲ့လေအေးတွေနှင့်အတူ ကျွန်တော့်အတွေးတွေကလည်း လေနှင့်အတူ လွှင့်စင့်နေသည်။ထောက်တိုင်ပေါ်မှာရှိ စက္ကူရွက်အပေါ် စုတ်တံတင်၍ ရေးဆွဲနေသောလက်ချောင်းကလေးတွေကလည်း နှလုံးသားရဲ့စေခိုင်းချက်အတိုင်း ရွေ့လျားနေခဲ့သည်။တဖြည်းဖြည်း ပေါ်လွင်လာတဲ့ပုံရိပ်လေးဟာ ကျွန်တော် ရေးဆွဲဖူးသမျှ ပန်းချီကားတွေထဲ အလှပဆုံးနှင့်၊အသက်ဝင်ဆုံးဖြစ်သည်။ကင်မရာတစ်လုံးလည်ပင်းမှာ ချိတ်ဆွဲပြီး ရူခင်းလှလှလေးကို မှတ်တမ်းတင်ယူနေသော
လူသားရဲ့နောက်ကျောပြင်လေးက ပန်းချီကားချပ်တစ်ခုမဟုတ်ဘဲ တကယ်အစစ်အမှန် ပုံရိပ်သာဆိုရင်  ပြေးဖက်မိမှာ သေချာတယ်။

ထိုလူသားနှင့် ပထမဆုံး ‌ဆုံတွေ့ခဲ့တဲ့ဒီနေရာလေးဟာ အမှတ်တရကောင်းတွေနှင့် ပြည့်နှက်သယောင်နှင့် လွမ်းမောဖွယ်ကောင်းတယ်။အနားမှာ
တဂျီဂျီနဲ့ကပ်ပြီး ချွဲတတ်သော ChenLe ကို
အဲ့တုန်းက စိတ်ရှုပ်စရာကောင်းတဲ့ဘေးအိမ်က
ညီလေးဆိုပြီး ဒေါသထွက်ခဲ့ပေမယ့် အခုချိန် ထိုအကြောင်းတွေ ပြန်စဉ်းစားမိရင် ChenLe ကို ကျေးဇူးတင်မိသည်။ChenLe ကြောင့်သာ မဟုတ်ရင် ကျွန်တော် သူကို တွေ့ဆုံခဲ့မှာ မဟုတ်ဘူး။အမြဲကံဆိုးမှုတွေနဲ့ပဲ ကြုံတွေ့နေရတဲ့ ကျွန်တော်အတွက် သူက ကံကောင်းစေတဲ့အဆောင်လေးဖြစ်ခဲ့တယ်။

သူသာ ဖြစ်ရင် ပြီးပြည့်နေတဲ့ကျွန်တော့်ဘဝဟာ ရုတ်တရက်ကြီး တစ်နေ့မှာ အမှောင်ကျလာခဲ့တယ်။

အဲ့နေ့က သူ ကျွန်တော်ကို ထားခဲ့မယ်ဆိုတာ ကြိုခဲ့ရင် ရှိသမျှ အားအကုန်နှင့် သူကို တားခဲ့မှာ။

« Mark !!»

သူ့နာမည်အား အသံကျယ်ကျယ်နှင့် အော်ခေါ်ပြီး သူဆီ ပြေးသွားလိုက်တယ်။ပြီးတော့ သူ့လက်ကလေးကို ချိတ်ပြီး ချစ်စရာကောင်းအောင် တမင်လုပ်ယူပြီး သူအား မေ့ကြည့်လိုက်တယ်။

«ငါကို လာကြိုတာလား »

«မင်းပဲ လာကြိုခိုင်းပြီး»

သူ့မျက်နှာလေးက အနည်းငယ်နွမ်းနေပြီး အားမရှိသည့်ပုံပေါ်နေသည်။သို့သော် သူမှာ ကျွန်တော်ကို ရန်တွေ့ဖို့ အားအလုံအလောက်ရှိနေပြန်သည်။

Markhyuck One Shot  CollectionOù les histoires vivent. Découvrez maintenant