첫눈 (UNI)

1K 79 10
                                    

Title_First Snow

By_EXO

ပထမနှင်းကျတဲ့ ဒီလိုနေ့လေးမှာ တစ်ခြားသူတွေကဲ့သို မာခု မပျော်နိုင်‌ပေ။ချန်းနီးဆီ ဖုန်းဆက်ခွင့်သာရရင် ချစ်ရတဲ့သူနှင့်ဖုန်းပြောရင်း ပထမနှင်းကို အတူကြည့်ခွင့်ရရင်း မာခုပျော်မိမယ်ထင်သည်။

အခုတော့....မာခု တစ်ယောက်တည်း အထီးကျန်စွာ ပထမနှင်းကို ငေးကြည့်နေရသည်။

မာခု မှတ်မိသေးတယ်။ပထမနှင်းမှာ ချန်းနီးနဲ့ ဒိတ်လုပ်ခဲ့ကြတာကို။အဲ့တုန်းက အိပ်ချင်မူးတူးလေးနှင့်ချန်းနီးလေးကို ပထမနှင်းကြည့်ဖို့ရာ မာခု အတင်းနိုးရတယ်။ နှင်းတွေကြည့်ရင်း ခေါင်းစုတ်ဖွာနှင့်ကောင်လေးက အရမ်းပျော်နေခဲ့တာ။အကြောင်းက ချစ်ရတဲ့သူနဲ့  ပထမနှင်းကို အတူကြည့်ခွင့်လို့တဲ့လေ။စကားလုံးလှလှလေးတွေကို အသည်းယားစရာစဖွယ်ပြောတတ်သည့်ချန်းနီးလေးက မာ့ခုရဲ့ချစ်ဝမလေးဖြစ်သည်။

ဘာလိုလိုနဲ့ တစ်နှစ်တာ ကုန်ဆုံးတော့မယ်။
မာခုက‌တော့  အခုထိ တစ်ယောက်တည်း ။ချန်းနီးကို စွဲလမ်းနေဆဲ။ချစ်နေဆဲဖြစ်သည်။

အထီးကျန်လိုက်တာ ။ ချန်းနီးအနားမှာမရှိဘဲ ဘယ်အချိန်ထိ တစ်ယောက်တည်း နေရအုံးမှာလဲ။

အချိန်တွေသာနောက်လှည့်လို့ရရင် တစ်နှစ်တာကို ပြန်သွားလိုရရင် မနှစ်ကခရစ်စမတ်ကို မာခု ပြန်သွားချင်သည်။အဲ့နေ့က ချန်းနီးကို မေ့ပြီး ကြင်ယာဖက် သွားမတွေ့ခဲ့သင့်ဘူး။ဒေါတသကြီး အော်ဟစ်ပြီး ချန်းနီးနဲ့ ရန်မဖြစ်ခဲ့သင့်ဘူး။အဲ့တုန်းက ရူးမိုက်မှုတွေကို အရူးတစ်ယောက်လို ရေရွက်ရင်း မာခု မျက်ရည်တွေ ရစ်ဝဲလာရသည်။
အရမ်း လွမ်းတယ် ချန်းနီး။ကိုကို ကလေးကိုသိပ်လွမ်းတယ်။

တောင်းပန်ပါတယ် ချန်းနီး ။ကိုကိုကောင်းကောင်း မဆက်ဆံမိခဲ့လို့

⛄⛄⛄

နှင်းတဖွဲ့ဖွဲ့ကျလာရင် ဒဏ်ရာအပြည့်နဲ့နှလုံးသားတစ်ခုလုံး အဖြူရောင်နှင်းတွေဖုံးလွှမ်းသွားမလား  ဆိုတဲ့ ရူးကြောင်ကြောင်အတွေးနှင့်အတူ ခပ်လှမ်းလှမ်းက ချန်းနီးရဲ့ကျောင်းဟောင်းလေး၊အမှတ်တရတွေ အများကြီးရှိခဲ့သည့်ထိုကျောင်းလေးကို မာခု ငေးကြည့်နေလိုက်တာ တစ်နာရီကျော်နေပြီ။

Markhyuck One Shot  CollectionWhere stories live. Discover now