너 와 나

297 35 8
                                    

UNI....

Part (7)

«ဒုန်း!!»

«အ့!!»

Conversation  Store မှာ ခေါက်ဆွဲထုပ်တွေ ခြင်ထဲ ထည့်နေသော FullSun ကိုယ်လေးက ဘေးမှာစဉ်ဘက်သို့ လွှင့်စင်သွားသည်။ပစ္စည်းတစ်ချို့က ကိုယ်ပေါ်သို့ ပြိုကျလာပေမယ့် ကိုကိုက အချိန်မှီ ကာပေး၍ အထိအနာ သိပ်မရှိခဲ့ပါ။

«အသေးလေး အဆင်ပြေရဲ့လား»

အီမာ့ခ်က သူ့ကျောကုန်းပေါ်မှာတစ်ဆင့် ကျဆင်းသွားသောပစ္စည်းတစ်ချို့ကြောင့် ကျောအောင့်တတ်သွားသည့်ကြားမှ သူ့အသေးလေးကို စိတ်ပူစွာမေးလိုက်သည်။

«အသေးလေးက အဆင်ပြေတယ်။ကိုကိုက
ဖြစ်ရဲ့လား»

«ကိုကိုက ဘာမှမဖြစ်ဘူး»

အီမာ့ခ်က ပြုံးလျက်ဆိုလာသည်။ပြီးမှ FullSun ကိုတိုက်သွားသည့်လူကို လှည့်ကြည့်လိုက်သည်။

«အရိုင်းအစိုင်းကောင်!!မျက်လုံးမပါဘူးလား»

အဖျားသာ မြင်လိုက်ရတော့သည့်ကျောပြင်ကို ကြည့်ပြီး ဆွဲထိုးတော့မည့်ပုံနှင့် ထွက်ပေါက်ဆီ ဦးတည်နေသောအီမာ့ခ်ကို FullSun က အမြန်ဆွဲ၍ တားလိုက်ရသည်။

«ရတယ် ကိုကိုရဲ့။အသေးလေး ဘာမှမဖြစ်ဘူး»

«မဖြစ်လို့ပေါ့။တစ်ခုခုဖြစ်သွားရင် အဲ့ကောင်ကို ကိုင်ပေါက်ပစ်ပြီ»

သူ့သေးသေးလေးက ဘေးစဉ်ကို  လွှင့်ထွက်သွားသည်က စက္ကူရွက်လေးတစ်ရွက်အတိုင်းပင်။စဉ်းစားရုံနှင့် ဒေါသထွက်၍ တောက်ခ်ခဏခဏခေါက်မိတယ်။

အရှိုန်ပြင်းပြင်းနှင့် သူ့သေးသေးလေး ပခုံးကို ဝင်တိုက်သောသူဟာ မျက်လုံးကန်းနေသလား။

အနည်းငယ်ကြောက်ဖို့သောအီမာ့ခ်ပုံစံကို မြင်တော့ FullSun က မျက်လုံးလေးအဝိုင်းသားနှင့်။ကိုကိုရဲ့ ကြောက်စရာပုံစံကို သူ တစ်ခါမှ မမြင်ဖူးခဲ့ဘူးလေ။

«ကိုကိုက အသေးလေးကို အဲ့လောက်တောင် ချစ်တာလားဟင်»

«ချစ်တာပေါ့။ကိုကို ပိုးမွှားသလိုမွေးထားရတဲ့ကလေးကို »

«ကိုကို~»

အသံရှည်ဆွဲလျက် ရင်ခွင်ထဲရောက်လာသူကို အီမာ့ခ် ထွေးပွေ့လိုက်တယ်။သူ့သေးသေးလေးက နေနတ်သားလေးပဲ ဖြစ်ဖြစ်၊ဘာပဲဖြစ်ဖြစ် သူက အဆုံးထိ ကာကွယ်ပေးချင်သည်။

Markhyuck One Shot  CollectionDove le storie prendono vita. Scoprilo ora