당신을 내 것으로 만드십시오(UNI)

686 59 24
                                    


Little _Make You Mine

By    _ Public

ဒုံဟျော့ခ်က မာ့ခ်လီရဲ့ အချစ်ရဆုံးသူ။အပိုင်ချင်ဆုံးသောသူ။ထို့အပြင် အသိုင်းအဝိုင်းကြီးတစ်ခုက ပေါက်ပွားလာတဲ့သူလည်း ဖြစ်သည်။မာ့ခ်လီအတွက် လက်မလွှတ်တန်း အမြဲထာဝရ ချစ်ရမဲ့သူက ဒုံဟျော့ခ်အပြင် တစ်ခြားတစ်ယောက်မရှိ။ထို့ကြောင့်  ဒုံဟျော့ခ်ကို ပိုင်ဆိုင်ဖို့ နေ့ရော၊ညရော မနားတမ်း မာ့ခ်လီမှာ ကြိုးစားဖို့ လိုသည်။မာ့ခ်လီတို့မိသားစုက မဆင်းရဲပေမဲ့  ဒုံဟျော့ခ်တို့အသိုင်းအဝိုင်းနဲ့ မယှဉ်နိုင်စွာ အမြဲ သိမ်ငယ်ရသည်။မာ့ခ်လီတို့ ချမ်းသားမှုက ဒုံဟျော့ခ်တို့ ခြေဖျားကိုတောင် မမှီ။စဥ်းစားကြည့်‌တော့
ဒုံဟျော့ခ်မိဘတွေ မာ့ခ်လီနဲ့ဒုံဟျော့ခ်ကို  သဘောမတူနိုင်တာ ယုတ်တိရှိသည်။အကြီးဆုံးသားလေးဖြစ်သည့်အပြင် အရမ်းချစ်ဖို့ကောင်းပြီး လိမ္မာတဲ့ဒုံဟျော့ခ်ကို အားလုံးက ဖူးဖူးမှုတ်အောင် ချစ်ကြသည်။

သူတို့မျက်လုံးထဲ ကလေးလေးတစ်ယောက်လိုပဲ ထင်နေတဲ့သူက ချစ်သူ၊ရည်းစားရနေပြီးဆိုတော့
သူတို့အတွက် အရမ်းထိန့်လန့်စရာကိစ္စတစ်ခုဖြစ်နေ၏။ထို့အပြင် သူတို့ခြေဖျားကို မမှီတဲ့အသိုင်းအဝိုင်းမှာ ကောင်လေးတစ်ယောက်ဖြစ်နေတော့  ခံပြင်းစွာ၊ ဒေါသထွက်စွာ၊သဘောမတူနိုင်စွာ ခွဲခဲ့ကြသည်။မာ့ခ်လီကို ဒုံဟျော့ခ်နဲ့ ဝေးဝေးနေဖို့ တစ်ယောက်ပြီး တစ်ယောက် လာခြိမ်းခြောက်ကြသည်။ဘယ်အရာကိုမှ မကြောက်လန့်တဲ့သူပီပီ ဒုံဟျော့ခ်မိဘတွေနဲ့ မျက်နှာဆိုင်တွေ့ပြီး သူတို့လိုချင်တဲ့အနေအထားရောက်ရင် သဘောတူပေးဖို့ တောင်းဆိုခဲ့သည်။

မာ့ခ်လီကို အထင်ကြီးတာကြောင့်မဟုတ်ဘဲ ဒုံဟျော့ခ်ရဲ့နေ့ရော၊ညပါ အစာမစားဘဲ ဆန္ဒပြမှုကြောင့် မာ့ခ်လီကို ကြိုးစားခွင့်ပေးခဲ့သည်။တစ်လ တစ်ခါ တွေ့ဖို့ပေးသည်။သို့သော် မာ့ခ်လီက ချစ်ရသူကို အမြဲတွေ့ချင်၊မြင်ချင်သည်။ထို့ကြောင့် ညဘက်တွေ  မာ့ခ်လီ အလုပ်ပြီးသည့်အချိန် ဒုံဟျော့ခ်နဲ့  ခိုးတွေ့လေ့ရှိသည်။

နန်းတော်အလား ကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးထဲမှာ ပိုးမွှေးသလို မွေးထားတဲ့သူတို့သားကို မာ့ခ်လီလက်ထဲ ကြည်ဖြူစွာ ထည့်ပေးအောင် မာ့ခ်လီဘက်က သေမတတ်ကြိုးစားသွားမည်။ဒုံဟျော့ခ်ကတော့ မာ့ခ်လီ့လက်ကို မလွှတ်တန်း ဆုပ်ကိုင်ထားဖို့တော့ လိုသည်။ဒါမှ မာ့ခ်လီ အ‌ဆင်ပြေမှာ။ဒါလင်ဆိုပြီး အစချီပြီး စကားပြောသည့်အခါတိုင်း၊ဒုံဟျော့ခ်မျက်နှာလေး မြင်သည့်အခါတိုင်း ၊အရာအားလုံး အဆင်ပြေသလို ခံစားရသည်။

Markhyuck One Shot  CollectionWhere stories live. Discover now