사랑의 마법 (UNI)

728 68 12
                                    

Tittle _Magic Of Love

By _ Jin Sha

အီမာ့ခ်နဲ့ပတ်သက်ပြီး သေချာသလို၊မသေချာသလိုဖြစ်နေတဲ့ခံစားချက်တစ်ခု အီဟယ်ချန်းမှာ ရှိ၏။

တကယ်တော့ အဲ့ခံစားချက်အတွက် အဖြေရှိပြီးသား။အီမာ့ခ်နဲ့အကြည့်ချင်းဆုံလိုက်တိုင်း အီဟယ်ချန်း ရင်ခုန်လာတယ်။ဒါက အချစ်လား။အချစ်ဆိုရင် သေချာတယ်။အီဟယ်ချန်း အီမာ့ခ်ကို ချစ်မိနေပြီ။

အီမာ့ခ်ကို မတွေ့ရင် လိုက်ရှာတတ်ပေမဲ့
တကယ်တမ်းတွေ့ရင် မမြင်ချင်ယောင် ဆောင်နေမိသည်။ခပ်ချေချေနေတတ်တဲ့ပုံစံလေးနဲ့ အီမာခ့်သတိထားမိအောင် အနားမှာ ပေါ်လိုက်၊ပျောက်လိုက် လုပ်ရတာမို့ သဘောကျသည်။

သူငယ်ချင်းတွေက ပြောတယ်။အီမာ့ခ်က ဆိုးတယ်တဲ့လေ။အီမာ့ခ်ကို လိုက်တဲ့ကောင်မလေးတိုင်းက အသည်းကွဲရတယ်တဲ့။ဒါပေမဲ့ အီဟယ်ချန်းကတော့ အသည်းကွဲမှမဟုတ်ဘူး။ဘာလို့ဆို အီဟယ်ချန်းက အီမာခ့်ကို လိုက်မှမဟုတ်ဘူး။
အီမာခ့်ဘက်က အီဟယ်ချန်းကို လိုချင်အောင် ,ချစ်တယ် ဖွင့်ပြောလာအောင် အီဟယ်ချန်းရဲ့ချစ်ဖို့ကောင်းမှုတွေနဲ့ ဆွဲဆောင်သွားမှာ...

အီမာ့ခ်သဘောကျတဲ့ မက်မွန်းသီလေးလို ချိုမြိန်တဲ့သူဖြစ်ဖို့ စာအုပ်တွေလည်း ဖတ်ရမယ်။

ပြီး‌တော့ Perfectအဖြစ်လွန်းနေတဲ့အီမာ့ခ်နဲ့လိုက်ဖက်မှုရှိအောင် အခုကတည်း Perfect
ဖြစ်အောင်လည်း ကြိုပြင်ဆင်ထားရမယ်။

ထပ်ပြီး ...တစ်ဖက်သက်မဟုတ်တဲ့ ချစ်ခြင်းတွေနဲ့ အီမာခ့်ရဲ့ Right Personက အီဟယ်ချန်းဖြစ်ဖို့ ဆုတောင်းမယ်။

အီမာခ့်နဲ့ အီဟယ်ချန်း။မျိုးရိုးနာမည်ကအစ
ဆင်တူတွေ။ဒါ တော်ရုံ ရေစက်မဟုတ်မှန်း ဉာဏ်ကောင်းတဲ့သူပီပီ ရိပ်စားမိသည်။

သေချာပါတယ်။အီဟယ်ချန်းရဲ့Right Personက အီမာခ့် ။အီမာ့ခ်ရဲ့Right Personက အီဟယ်ချန်းပါပဲ။

စိတ် ဆိုတာ ထူးဆန်းသား။အီမာ့ခ်ကို သဘောကျပေမဲ့ ချစ်သူတွေ မဖြစ်ချင်သေးဘူး။ဒီအတိုင်းလေး အီမာ့ခ်နဲ့ အီစီကလိပဲ လုပ်ချင်သည်။

☘️☘️☘️

ကန်တင်းမှာထိုင်နေတဲ့အီဟယ်ချန်းမျက်လုံးတွေ
ဂနမငြိမ်စွာ အီမာခ့်ကို လိုက်ရှာနေသည်။သိသိသာသာလည်း မရှာရဲ။ဘေးနားကသူငယ်ချင်းတွေ ရိပ်မိသွားရင် တစ်သက်လုံး စ,နောက်လို့ ပြီးတော့မှမဟုတ်ဘူး။ဒီနေ့ အီမာခ့်ကို တစ်နေကုန်မတွေ့ရသေးဘူး။ဘယ်တွေသွားနေတာလဲ အီမာခ့်!!!!

Markhyuck One Shot  CollectionWo Geschichten leben. Entdecke jetzt