너 와 나

247 28 2
                                    

UNI...

Part (9)

အလယ်တန်းဝတ်စုံလေးနှင့် မင်ဟျောင်းက
ဟယ်ချန်းနီးတို့အိမ်ဘက် ကူးလာခဲ့သည်။သူရဲ့အလယ်တန်းဝတ်စုံက တအားလှပြီး ချစ်ဖို့ကောင်းတာကြောင့် ဟယ်ချန်းနီးကို ကြွားဖို့ စိတ်စောနေတာဖြစ်သည်။တံခါးမခေါက်၊အသံမပေးဘဲ အခန်းထဲဝင်လာခဲ့တော့ ဟယ်ချန်းနီးက ကုတင်ပေါ်မှာ ပုံပုံလေး အိပ်ပျော်နေသည်။စောင်‌ပုံကြားထဲက ဝက်ဝံညိုလေးက သိပ်ချစ်ဖို့ကောင်းတာကြောင့် ပါးပြင်လေးကို လက်ညှိုးလေး ထိုးလိုက်သည်။

ပါးပြင်အိအိလေးထဲ သူ့လက်ညှိုးလေး နစ်ဝင်သွားသည်ကို သဘောကျ၍ ထပ်တလဲလဲပြုမှုမိပေမယ့် အအိပ်မက်တဲ့ဟယ်ချန်းနီးက နည်းနည်းလေးမှ မနိုးလာပါ။သူ သဘောတကျရယ်မိတယ်။ဟယ်ချန်းနီး အအိပ်ကြီးမှန်း မသိခဲ့ဘူး။

အတန်အကြာထိ မနိုးလာသည့်ဟယ်ချန်းနီးကို ဘေးနားမှာ ငြိမ်ငြိမ်လေး ကြည့်ဖြစ်တယ်။ဒီလူသားက သူထက် (၁၈)နှစ်ကြီးတယ်ဆိုတာ
ယုံနိုင်စရာမရှိဘူး။သူ လူမှန်းသိတတ်စအရွယ်ကတည်းက ဟယ်ချန်းနီးက ဒီမျက်နှာလေးအတိုင်း အသက်ကြီးသွားသည်။ရုပ်ဆိုးသွားခြင်းမရှိ၊အိုမင်သွားခြင်းမရှိ။အမြဲတမ်း ‌ကြည့်ကောင်းပြီး ချစ်ဖို့ကောင်း‌သည်။

«ကောင်းကောင်းအိပ်။ကျွန်တော် ပြန်တော့မယ်»

ပါးလေးတစ်ဖက်ကို ငုံနမ်းပြီး အိပ်ပြန်ခဲ့တယ်။အိမ်ပြန်ရောက်မှ သူ့နှုတ်ခမ်းတွေကို ကိုင်ပြီး ပြုံးလိုက်မိတယ်။နောက်ဆုံးတော့ ဟယ်ချန်းနီးထက် အရည်မရှည်သေးပေမယ့် ဟယ်ချန်းနီးပါးကို နမ်းနိုင်ခဲ့ပြီ။

🥚

ကိတ်မုန့်ဆိုင်ရှေ့မှာ မိုးပြာရောက်စက်ဘီးလေးတစ်စီး ထိုးရပ်သွားပြီး အဲ့ဒီနောက်မှာ ပန်းရောင်စက်ဘီးလေးလည်း ကပ်ပါလာသည်။

« အစ်ကိုဟယ်ချန်းနီး!!»

ပန်းရောင်စက်ဘီးပိုင်ဆိုင်လေးက လူထက် အသံအရင်ရောက်စွာ ကုန်းအော်သည်။လူက စက်ဘီးပေါ်မှာ မဆင်းရသေးဘူး။အသံဆိုးကြီးနှင့်အော်ခေါ်နေသည့်နာဂျယ်မင်းကို မင်ဟျောင်း လှမ်းရိုက်လိုက်တယ်။

Markhyuck One Shot  CollectionWhere stories live. Discover now