민들레 (2)

162 26 0
                                    

UNI....

Tittle _  Dandelion
By     _ OoHyo

ပြတင်းပေါက်မှတစ်ဆင့် လိုက်ကာကို ထိုးဖောက်ဝင်လာသည့်အလင်းရောင်ကြောင့် ကျွန်တော် အိပ်ရာထက်မှာ နိုးထလာခဲ့သည်။မျက်လုံးတွေကို လက်ဖမိုးဖြင့် ပွတ်၍ အိပ်ချင်နေသေးသည့်စိတ်ကို ဖြေဖျောက်လိုက်သည်။ရေချိုး၊ထမင်းစားပြီးနောက် ပြခန်းကို ထွက်လာခဲ့သည်။တရွေ့ရွေ့မောင်းနှင်းလာတဲ့ကားလေးပေါ်မှာ OoHyoရဲ့ Dandelion သီချင်းလေးက လွှင့်ပျံနေပြီး ကျွန်တော့်စိတ်တွေကလည်း ဝေး‌ဝေးပြေးနေပြန်သည်။

🎵အချိန်တိုင်း အနားယူရမဲ့ ငါရဲ့အိမ်လေး ဖြစ်ပေးနိုင်မလား 🎵

ထိုသီချင်းစာသား တစ်ကြောင်းတည်းကိုပဲ အသံနေအထားအမျိုးမျိုးဖြင့် ထပ်တလဲလဲ သီဆိုနေတဲ့ Mark ကြောင့် စိတ်က အနည်းငယ်အချဉ်ပေါက်လာသည်။ဒါက ဘယ်လို မျက်နှာရူးထခြင်းမျိုးလဲ။

«မင်း ပါးစပ်ပိတ်ထားလို့ မရဘူးလား....ဒီမှာ
ငါ အာရုံစိုက်လို့မ‌ရတော့ဘူး»

ဆွဲလက်စ အပုံကို ထိုးပြ၍ ပြောလိုက်လေတော့ အူကြောင်ကြောင်မျက်နှာပေဖြင့် ကြည့်နေပြန်
သည်။တစ်ခါ၊တစ်ခါ Mark  စိတ်ရူးဖောက်ရင် တကယ်ဒေါသထွက်ဖို့ကောင်းတယ်။ဘာပြောပြော မနာဘဲ အူတူတူ၊ကြောင်တောင်တောင် လုပ်နေတတ်တယ်။

«သီချင်းနာမည်က Dandelion တဲ့»

«ငါ စိတ်မဝင်စားဘူး»

Mark ဆီမှာ နောက်ထပ်စကား ထပ်မထွက်လာခင် ပိတ်အော်လိုက်တယ်။ပြီးမှ စုတ်တံကို ချ၍ Mark ဘက် မျက်နှာမူလိုက်တယ်။

ဒီကောင် ဘာလို့ ဒီလောက်ထိ အားယားနေရတာလဲ။

«မင်းမှာ ဝါသနာပါတာ မရှိဘူးလား။ငါ့အနားမှာ ကပ်နေမဲ့အစား တစ်ခုခု လုပ်နေပါ့မလား။အဲ့ဒါမှ မင်းအတွက် အကျိုးရှိဦးမယ်»

«အခုလည်း ငါအတွက် အကျိုးရှိတာပဲလေ»

ကြည့်။စကားကို ဘယ်လိုပြောနေတာလဲ။

«ငါပြောတာ မင်းအနာဂတ်၊မင်းဘဝအတွက်»

«ငါ့အနာဂတ်ကို မင်းက အကောင်အထည်ဖော်နေပြီလေ။မင်း အခု ပြခန်းဖွင့်ပြီး အောင်မြင်သွားရင် ငါ့စိတ်က ပျော်နေပြီ။မင်းအနာဂတ်က ငါ့အနာဂတ်ပဲ။အဲ့ဒါကြောင့် မင်းဘေးနားကနေ မင်းကို လမ်းပြပေးမယ်»

Markhyuck One Shot  CollectionDär berättelser lever. Upptäck nu