운이 좋은 _ 둘 (UNI)

430 74 29
                                    

Tittle _ Lucky

By _ EXO

«သူများသားလေးကို ဒီလောက်ထိ ပေါက်ပြဲအောင် နမ်းထားတာ တာဝန်ယူရမယ်»

သူရဲ့တိုက်အခန်း။တစ်နည်းအားဖြင့် car accident မဖြစ်ခင် ရှေ့တစ်ပတ်က အနှင်ချခံလိုက်ရသည့်ကျွန်တော့်တိုက်ခန်းရောက်သည့်အချိန်၊ သူ့နှုတ်ဖျားထက်မှာ ထွက်ပေါ်လာသောထိုစကားက ကျွန်တော်ကို နားရွက်တွေနီသွေး
စေသည်။သို့သော် မှန်ကြည့်နေသည့်သူကို ပြန်၍ ရန်တွေ့လိုက်တယ်။

«မင်းဘက်က အရင်စတာလေ»

«ဒါပေမယ့် Hyung စိတ်ပါမှ ဖြစ်မှာလေ။ဒီမှာကြည့်။သွေးတွေ ထွက်နေတုန်း။မနက်ဖြန် ကျောင်းသွားရင် ကျွန်တော်တော့ အစခံရတော့မယ်»

«မကြိုက်ဘူးလား။မင်း သဘောကျတဲ့သူက နမ်းတာလေ»

«မကြိုက်ဘဲ နေပါ့မလား Hyung ya ...ကြိုက်တာပေါ့»

ကျွန်တော် ပြုံးမိတယ်။သူ့နှုတ်ခမ်းဘေးနားမှာ ပေါက်နေသောဒဏ်ရာလေးကို မြင်တော့ ကျွန်တော့်အပြုံးတွေက ပိုလို့ပင် အသက်ဝင်လာသည်။သူ့နှုတ်ခမ်းတွေကို ကြည့်နေရင်းမှ
ခြောက်သွေ့နေသောကျွန်တော့်နှုတ်ခမ်းက သူ့နှုတ်ခမ်းတွေဖြင့် ထိတွေ့ကာ စိုစွတ်မှုကို လိုချင်လာသည့်စိတ်ရှိုင်းဝင်လာတော့ အကြည့်တို့ကလွှဲလိုက်ရသည်။

ဘာလို့။သူနဲ့မှ ကျွန်တော်က အလိုရမ္မက်ကြီးသူ ဖြစ်လာရတာလဲ။

Jinna Nonna နဲ့တုန်းက နမ်းဖို့မပြောနဲ့။နှုတ်ခမ်းချင်းတောင် ထိဖူးတာ မဟုတ်ဘူး။အလွန်ဆုံးနမ်း မှ လက်ဖမိုးလေးလောက်ပဲရှိမယ်။အဲ့ထက်လည်း အဆင့်မပိုခဲ့သလို အလိုရမ္မက်လည်း မရှိခဲ့ဘူး။
အဲ့တုန်းက ကျွန်တော့်စိတ်က တကယ်ကို ဖြူဖြူစင်စင်လေး။ Jinna Nonna ပြောသလို ကျွန်တော်က အဖြူရောင်သံယောဇဉ်ကို ထင်ယောင်ထင်မှားဖြစ်ခဲ့ပုံရတယ်။

🔅🔅🔅

တကယ်ကို မာယာများသည့်သူကြောင့် ကျောင်းပိတ်ရက်တွေမှာ သူ့တိုက်ခန်းမှာသာ အချိန်ဖြုန်းဖြစ်တယ်။ညဘက်တွေ တစ်ယောက်မအိပ်ရဲဘူးဆိုသည့်သူရဲ့ယုတ်တိမရှိသောအကြောင်းပြချက်တွေကိုလည်း လိုက်လျောပေးမိတယ်။သူရဲ့ချစ်စဖွယ်အပြုအမှုကို ကျွန်တော် မလွန်ဆန်နိုင်ဘူးလေ။

Markhyuck One Shot  CollectionWhere stories live. Discover now