꿈속 에서 (UNI)

665 73 8
                                    

Tittle _ Can you stay
By     _Coldin

«မင်္ဂလာပါ  37.5 HMz HaeChan  Radio ကနေကြိုဆိုပါတယ်»

လေလိုင်းထဲက လွှင့်ပျံ့လာသည့်အိချိုလွန်းတဲ့အသံလေး။မင်ဟျောင်း ကြည့်လက်စ စာအုပ်ကို အဝေးသို့ ပစ်လွှတ်လိုက်ပြီး ထိုအသံလေးအပေါ် အာရုံအပြည့်စိုက်လိုက်တယ်။အသံလေးက ပျားရည်အလား။ချိုသာလွန်းတယ်။

«အကြာကြီးနေမှ ဒီလို စကားပြောရတာ ပျော်ဖို့ အရမ်းကောင်းတယ်။အားလုံးပဲ နေကောင်းရဲ့လား»

«အင်း။ ငါ နေကောင်းတယ်»

မင်ဟျောင်းစကားကို ရေဒီယိုလိုင်းလေးထဲမှာကောင်လေး  မကြားမှန်းသိလျက်နဲ့ ပြန်ဖြေမိသည်။ပြီးမှ ကိုယ့်အဖြစ်ကိုယ် သဘောကျစွာ ရယ်ချပစ်လိုက်သည်။မင်ဟျောင်းက ဒီကောင်လေးနဲ့ ပတ်သတ်ရင် အရူးလိုပဲဖြစ်နေတတ်တယ်။အပြောချိုချိုလေးနဲ့ဒီကောင်လေးက
မင်ဟျောင်း အားကျဆုံးလူ‌သားတစ်ယောက်ဖြစ်၏။

«ကျွန်တော်ကိုရော သတိရနေကြရဲ့လား»

«အချိန်တိုင်း သတိရနေတာ။ဘာလို့ ပေါ်မလာတာလဲ»

ရယ်သံတစ်ဝက်နှင်ဟယ်ချန်းအသံလေးက
မင်ဟျောင်းကို ပြုံးစေသည်။ Computer အနားအထိ တိုးကပ်သွားပြီး မျက်နှာပြင်ပေါ်က လှုပ်နေသည့်အသံလိုင်းလေးကို ကြည့်လျက် ရန်စွလိုက်တယ်။

«ရာသီဥတုက  အခုတလော အေးလာသလိုပဲ။
မကြာခင် ဆောင်းဦး ရောက်တော့မှာမို့ အားလုံးပဲ ‌နွေးနွေးထွေးထွေးနေကြပါ။အပြင်သွားရင် အနွေးထည် ဝတ်သွားဖို့ကိုလည်း မမေ့ပါနဲ့။အားလုံးပဲ ဆောင်းဦးကို ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြမယ်လို့ မျှော်နေလင့်ပါတယ်။သေချာပေါက် အအေးမမိစေနဲ့»

သေချာတယ်။မနက်ဖြန်ကစပြီး မင်ဟျောင်း ‌အဝတ်ဗီဒိုထဲမှာ အနွေးထည်တွေနဲ့ ပြည့်ကြပ်တော့မည်။ဒီကောင်လေး စကားဆို မင်ဟျောင်းက ဘယ်နေနေ နားထောင်ပြီးသား။

မင်ဟျောင်း ပြုံးလျက် «ဟုတ်ကဲ့»လို့ ပြောလိုက်တယ်။ပြီးတော့ ဟယ်ချန်းဖတ်ပြတဲ့စာသားလေးတွေ၊သီချင်းလေးတွေကို နားထောင်ပြီး အိပ်စက်လိုက်သည်။ဟယ်ချန်းက သူအတွက် အိပ်ရာဝင်တေးလေးတစ်ပုဒ်လိုပဲ။ဟယ်ချန်းအသံလေးကြား‌ရုံနှင့် မင်ဟျောင်း ရင်တွေခုန်လာတယ်။

Markhyuck One Shot  CollectionWhere stories live. Discover now