너 와 나 (UNI)

450 54 16
                                    

Note : ဒီဇာတ်လမ်းလေးက ခါတိုင်းလို သီချင်းလေးက ဖြစ်ပေါ်လာတဲ့ဇာတ်လမ်းမဟုတ်ပါဘူး။The Eggမှာ အီမင်ဟျောင်း ကြက်ဥလွှတ်ကျတဲ့အချိန် ထိန့်လန့်သွားတဲ့မျက်နှာအ‌မူအရာလေးကို ကြည့်ပြီး စိတ်ကူးပေါ်လာတဲ့ဇာတ်လမ်းလေးပါ။
အူကြောင်ကြောင်နိုင်ပြီး စိတ်ကူးယဥ်ဇာတ်လမ်းလေးမို့ အမှားပါရင် ခွင့်လွှတ်ကြပါ။

သဘောမကျမှုတစ်စုံတစ်ရာပါလာခဲ့ရင် ကော်မန့်ချန်ထားခဲ့လို့ ရပါတယ်နော်ချက်ချင်း ဖျတ်ပေးပါ့မယ်ဒီဇာတ်လမ်းလေးကို။

🥚

Part (1)

ကြက်ဥလေးတစ်လုံးက လူတစ်ယောက်အတွက် ဘယ်လောက်ထိ အရေးပါးသလဲ တွေးကြည့်ဖူးလား။မင်းတို့ မသိလောက်တဲ့ အစွဲအလမ်းကြီးတဲ့လူတစ်ယောက်အကြောင်းပြောပြမယ်။အဲ့လူ
နာမည်က အီမာ့ခ်လို့ ခေါ်တယ်။ငယ်ငယ်က မိဘတွေ စွန့်ပစ်မှုနှင့်ကြီးပြင်းလာပြီး အသက်(၁၈)နှစ်ကောင်လေးတစ်ယောက်ဖြစ်တယ်။သူ့ဘဝမှာ ဘယ်အရာကိုမှ မစွဲလမ်း၊မတွယ်တာခဲ့ပေမယ့်
ဘယ်ရမှန်းမသိ သူဆီရောက်လာသောကြက်ဥတစ်လုံးကို သူ သိပ်မြတ်နိုး၊တွယ်တာခဲ့တယ်။

သူရဲ့စွဲလမ်းမှုက သိပ်ဆန်းကြယ်ပြီး ထူးဆန်းနေတာကြောင့် သူရဲ့တစ်ဦးတည်းသောသူငယ်ချင်းဂျယ်မင်းက သူကို စိတ်ကျန်းမာရေးဆရာဝန်နှင့် ပြသခဲ့တယ်။သို့သော် သူရဲ့ဝမ်းနည်းခြင်း၊‌ပျော်ရွှင်ခြင်းခံစားချက်တွေက ထူးခြားမှုမရှိ။သာမန်လူအတိုင်းပင်။

ထိုအချိန်မှစ၍ ဖြစ်မယ်။ဂျယ်မင်းက သူကို နားလည်ပေးဖို့ အမျိုးမျိုးကြိုးစားခဲ့တယ်။သို့သော် သူရဲ့ကြက်ဥအပေါ် ထားသောစိတ်ခံစားချက်က တစ်နေ့၊တစ်ခြား ပိုပိုဆိုးရွာလာခဲ့တယ်။တစ်ခါတစ်ရံ ထိုကြက်ဥကိုပင် ပေါက်ခွဲပစ်ချင်တဲ့အထိ ယုယကြင်နာနေခဲ့တယ်။

သူပြောသည့်အနီရောင်အနည်းငယ်သန်းနေသောကြက်ဥတစ်လုံး၏ ဒသနတွေကို ဂျယ်မင်း နားထောင်ရပါများ၍ နားတွေပင် သွေးထွက်တော့မည်။သူကတော့ ပြောနေဆဲ။ရင်ဖွင့်နေဆဲပင်။

ကြာလာတော့ ဂျယ်မင်းက သူကို စိတ်ပျက်လာခဲ့တယ်။သို့သော် သနားဂရုဏာနာသက်သောစိတ်လေးနှင့် အနားမှာ ရှိပေးခဲ့တယ်။အီမာ့ခ်မှာ ဂျယ်မင်းအပြင် ဘယ်သူမှမရှိဘူးလေ။

Markhyuck One Shot  CollectionWhere stories live. Discover now