사이코 (UNI)

708 66 4
                                    

Tittle _ Psycho

By    _ Red Velvet



မာ့ခ်တစ်ယောက် ရွမ်ကျွင့်အနားကပ်ချွဲနေတဲ့ဟယ်ချန်းကို  ကြည့်လျက် ဘယ်လိုလုပ်ရမလဲ ဆိုတာပဲ ဆက်တိုက် စဉ်းစားနေမိသည်။မနက်မိုးလင်းကတည်း ရွမ်ကျွင့်အနား ကပ်နေတဲ့ဟယ်ချန်းက မာ့ခ်ကို နည်းနည်းမျှ သတိမရဘူး။ရမ်ကျွင့် ဘေးနား နည်းမျိုးစုံနှင့် မာယာတွေများနေတယ်။ရွမ်ကျွင့်အော်ငေါက်လိုက်ရင် မျက်နှာငယ်နှင့်။ပြီးရင် သူမဟုတ်သလို တဟီးဟီးလုပ်ကာ ရွမ်ကျွင့်အနား ပြန်ရောက်သွားပြန်သည်။ဒါကြောင့် မနက်မိုးလင်းကတည်းက ထိုအကြောင်းကိုပဲ ဆက်တိုက်စဉ်းစားရင်း အလုပ်များနေသည်။

အရင်တုန်းက မာ့ခ်ကို နာမည်မျိုးစုံခေါ်ပြီး
အနားမှာ အတင်းပူးကပ်နေတာ သူမဟုတ်သလိုပဲ။အလကားကောင်လေး မာ့ခ့်အချစ်ကို ကစားနေတယ်။

ဟယ်ချန်းကို  ထိန်းချုပ်ရတာ မာ့ခ်အတွက် ခက်ခဲ၊နက်နဲနေသည်။မာ့ခ်ကိုယ်တိုင်လည်း စဉ်းစားမရတော့ဘူး။အဖွဲ့ခေါင်းဆောင်းဆိုပြီး လေးစားရကောင်းမှန်း မသိတဲ့ဟာလေးကို ဘာလို့ရည်းစားတော်ထားမိသလဲဆိုတာ။မာ့ခ်ရဲ့ခေါင်းဆောင်းအာဏာက ဟယ်ချန်းအပေါ် ကောင်းကောင်း အလုပ်မဖြစ်ဘူးပဲ။

«မာ့ခ်ဟျောင်း»

ငါးပေါင်မုန့်ကို တမြုံမြုံစားလျက် အခန်းထဲကထွက်လာတဲ့ဂျီဆောင်းက စင်ရော်တောင်မျက်ခုံးတွေ တစ်ဖက်နှင့်တစ်ဖက် ထိလုမတတ် မျက်မှောက်ကြုံနေတဲ့မာ့ခ်ကို မြင်တော့ ကြောင်တောင်တောင်လေးကြည့်လာသည်။
ဒါကို  မာ့ခ် သိပေမယ့် ပြောမနေချင်တော့ဘူး။
ဂျီဆောင်းအတွက် အရာရာတိုင်းက ထူးခြားဆန်းကြယ်နေတာ။ဘာမြင်မြင် အခုမှ ဥထဲက ထွက်လာတဲ့ကြက်‌ပေါက်လေးလိုပဲ ။တအံ့တဩနှင့် စူးစမ်းနေတော့တာပဲ။ဂျီဆောင်းအတွက် ကမ္ဘာကြီးက စိတ်ဝင်စားစရာတွေနှင့် ပြည့်နှက်နေပုံရတယ်။

«ဟျောင်းတို့နှစ်ယောက်ဆက်ဆံရေးက ထူးဆန်းတယ်နော်»

ဂျီဆောင်း ဘာကို ဆိုလိုမှန်း မာ့ခ်သိတာမို့ ငြိမ်နေလိုက်မိသည်။ဂျီဆောင်း ပြောလည်း ပြောချင်စရာပါပဲ။မာ့ခ်တို့နှစ်ယောက်က ချစ်သူရည်းစားတွေဆိုပြီး တစ်ခါမှ ကြည်နူးနေတာမျိုး မရှိဘူး။ နှစ်ယောက်သား ရွမ်ကျွင့်ကို လုမယ်။ပြီးရင် ငြင်းကြ၊ခုန်ကြ၊စကားများကြမယ်။ပြီးရင် စိတ်ဆိုး၊ စိတ်ကောက်ကြမယ်။ဒါနဲ့ပဲ အမြဲသံသရာလည်နေသည်။ပြောရရင်  အမြဲရန်ဖြစ်၊သတ်ဖြတ်နေကြတဲ့အတွဲပါပဲ။

Markhyuck One Shot  CollectionWhere stories live. Discover now