အမှာစာ-အမွာစာ

1.1K 25 2
                                    

Hi.... It's me Cucu but now..ဩဇာသီးပေါ့(😹)

ဒီဟာကိုတော့ အမှာစာလို့ပဲ ခေါင်းစဉ်တပ်လိုက်ပါပြီ။ ဘယ်လိုပဲ ခေါင်းစဉ်တပ်တပ် ဒါက အိုင် စကားများ၊ အာချောင်၊ ဝေဘင်လေကန်ရေးဆင်း၊ ပြီးတော့ ပရိုမိုးရှင်းလည်းဟုတ်ပါသေးတယ်။

ထားလိုက်ပါတော့လေ....။

အားလုံးပဲ မဂ်လာပါရှင်။ ညကြီးအချိန်မတော်မှ Fictionအသစ်တွေ‌ဘာတွေကောက်တင်ပစ်တော့ အူကြောင်ကြောင်နိုင်တယ်လို့ထင်ရပေမယ့် အိုင့်ရဲ့ဦးနှောက်က ဒီအချိန်မှ Activeဖြစ်ပြီး‌ အကြံဉာဏ်မှန်သမျှဟာလည်း ဒီအချိန်မှထွက်တတ်တာမို့ပါ။

အားလုံးရဲ့ရှေ့ကို တစ်ခေါက် ပြန်ရောက်လာပြန်ပါပြီ။ ဒီမတိုင်ခင်ရေးရမယ့်ဟာကို ကျော်ခွပြီး ဒီဟာကိုရောက်လာတာပါ။ ဆိုတော့ ကြားထဲမှာ တစ်ပုဒ်ကျန်ခဲ့တယ်ပေါ့။ အဲ့ဟာက ရေးပြီးပါပြီ။ မတင်ချင်သေးလို့မတင်သေးတာပါ(👍)။

ဒီတစ်ပုဒ်ရဲ့ နာမည်ကတော့ 🌵My Little Oasis 🌵 ပဲဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ Categoryမှာရေးထားတဲ့အတိုင်း Drama-Romance×Pure-Lovestory မို့ (+)ခန်းမပါပါဘူး။ Dramaကတော့ မပါမဖြစ်ပါမှာပေါ့။ Romanceကလည်း သူ့flowလေးနဲ့သူ အေးအေးငြိမ့်ငြိမ့်လေးလာမှာပါ။

ဇာတ်လမ်းရဲ့ Vibesကတော့ နည်းနည်းဆွေးဆွေးလေးဖြစ်ပါလိမ့်မယ်။

HE? SE?

ဒီမေးခွန်းအတွက်ကတော့ အဖြေမရှိသေးပါဘူး(🥲🤌)။ Categoryမှာရေးထားတဲ့အတိုင်း ယူတို့အတွက်သာမက အိုင့်အတွက်လည်း Ongoingပဲမို့ မပြောနိုင်တာပါ။ ဇာတ်လမ်းခေါ်ရာနောက်ကိုပဲ လိုက်ပြီးရေးမှာမို့ အိုင့်ကိုယုံပြီး လိုက်ခဲ့ကြနော်။ ဘယ်စာပဲဖြစ်ဖြစ် Completeဖြစ်မှ တစ်ယောက်တည်းမရိုးမယွဖြစ်ရတာနဲ့ Ongoingလိုက်ပြီးမရိုးမယွဖြစ်ရတာက ပိုပြီးကောင်းပါတယ်။

ဒီဟာက One Shotလေးရှိပါတယ်။ ဒါပေမဲ့ မတင်တော့ပါဘူး။ မသိဘဲနဲ့ဖတ်ရတော့ ပိုကောင်းမယ်ထင်လို့ပါ။ ပြိုင်ပွဲမှာဝင်ပြိုင်ခဲ့ပေမယ့် ဆုတော့မရခဲ့ပါ(🥲🤌)။ ပြောရရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေသလိုဖြစ်မှာစိုးလို့မပြောတော့ပါဘူး။

OASIS [COMPLETE]Where stories live. Discover now