🌵၆🌵 & Notice

216 18 1
                                    

Bee............

~~"အစ်ကိုကရော...ဘာလို့မိုးရိပ်ညိုလဲ"

"မသိဘူး...ဒါပေမဲ့ မင်းသိချင်ရင် ကိုယ် မေမေ့ဆီကနေ မေးကြည့်ပေးထားမယ်နော်"~~

အိမ်ပြန်ရောက်သည်အထိ ထိုစကားဟာ နားထဲ၌ တဝဲလည်လည်ဖြစ်နေသေးသည်မို့ ကန္တာဦးတစ်ယောက် ခေါင်းကိုခါထုတ်ရ၏။

လက်မှနာရီကိုကြည့်တော့ ည(၈)နာရီပင်ထိုးတော့မည်။ ထို့ကြောင့် ဦးလေးဦးတိုးမောင်လည်း ပြန်ရောက်ရောပေါ့။ အိမ်ရှေ့မှ အဖီလေးထဲတွင်တော့ သီရိဆွေတစ်ယောက် စာလုပ်နေချေပြီ။

ကန္တာဦးတစ်ယောက် ကျောပိုးအိတ်ကြိုးကို ခပ်တင်းတင်းဆွဲ၍ အိမ်အတွင်းသို့ လှမ်းဝင်လာ၏။  ထိုအခါ သီရိဆွေတစ်ယောက်မှာ ခြေသံကြောင့် လှည့်ကြည့်လာပြီး...
"ကိုကြီး အိမ်ပြန်နောက်ကျတယ်နော် ဒီနေ့..."ဟု ပြောလာသည်။

ထို့ကြောင့် သူသည် ခေါင်းကို ငြိမ့်တယ်ဆိုရုံမျှငြိမ့်လျက် သီရိဆွေကို မနေ့ကသင်ထားသည့်စာများကို ပြန်နွှေးဖို့ပြောထားခဲ့ပြီး သူသည်တော့ ရေချိုးဖြစ်သည်။

"ငါ့တူ..."

ရေချိုးပြီး အဝတ်အစားဝတ်နေစဉ် အိမ်ရှေ့ဘက်မှခေါ်လာသည်မို့ ကန္တာဦးတစ်ယောက် အဝတ်အစားဝတ်ခြင်းကို အလျင်အမြန်အပြီးသတ်လိုက်ပြီးနောက် တဘတ်စကို ပခုံးပေါ်တင်လျက် အိမ်ရှေ့သို့ထွက်လာခဲ့၏။

"ဟုတ်ကဲ့ ဦးမောင်"

"ဟင်း...နေရထိုင်ရ အဆင်ပြေရဲ့လား။ ပိုက်ဆံ‌ရော ရှိသေးရဲ့လား"

"ဟုတ် ရှိပါသေးတယ်"

"မင်းအဒေါ်ရော မင်းဆီကနေ ပိုက်ဆံဘာညာချေးသေးလား"
ဦးတိုးမောင်သည် သူ့ဇနီး၏အကြောင်းကို ကောင်းကောင်းသိနေသူပီပီ ထုတ်မေးလာခဲ့၏။

ကန္တာဦးသည် လိမ်ညာတတ်သူလည်းမဟုတ်ရ။ ထုတ်ပြောလျှင်လည်းမကောင်း၊ မဟုတ်ပါဘူးပြောလျှင်လည်း လိမ်ညာရာကျနေမည်မို့ ဆိတ်ဆိတ်နေခြင်းဖြင့်သာ တုံ့ပြန်၏။

ထိုအခါ ဦးတိုးမောင်သည် သူ့အင်ကျီအိတ်ထောင်ထဲမှ တစ်သောင်းတန်ငါးရွက်ကို ကန္တာဦးလက်အတွင်းသို့ ထည့်ပေးလာ၏။

OASIS [COMPLETE]Where stories live. Discover now