🌵၉🌵

169 13 2
                                    

ခက်နေပါပြီ......

"ဟဲ့! ဟိုမှာ မိုးရိပ်ညို"
သိမ်မွေ့ဦးတစ်ယောက် ကောင်လေးတစ်ယောက်နှင့် တွဲလျက် လမ်းလျှောက်နေသည့် မိုးရိပ်ညိုကို မြင်လိုက်သည်မို့ ဘေးနားရှိ ဋီကာထွဋ်နိုင်ကို ခပ်တိုးတိုးပြော၏။

"အင်း...ဘာထူးဆန်းလို့လဲ"
ဋီကာထွဋ်နိုင်ဆိုသည်ကား ကမ္ဘာကြီးနှစ်ခြမ်းကွဲလျှင်တောင် သူ့ခြေထောက်အောက်‌ကမြေကြီး မအက်သ၍ အေးဆေးနေနေမည့် ကောင်လေးတစ်ယောက်ပါပေ။

"ဘာထူးဆန်းရမှာလဲ၊ နင့်မျက်စိနဲ့နင်ကြည့်လေ"
သိမ်‌မွေ့ဦးတစ်ယောက် မပေသေးသည့်ဇွန်းဖြင့် ဋီကာထွဋ်နိုင်၏ခေါင်းကို ဂွပ်ခနဲခေါက်လိုက်၏။

ထိုအခါမှ အေးဆေးသက်သာနေသည့် ဋီကာထွဋ်နိုင်ခမျာ သူ့ဘာသာ လမ်းလျှောက်နေသည့် မိုးရိပ်ညိုနှင့် မိုးရိပ်ညို၏ဘေး၌ တရားရှုမှတ်သူတို့၏ခြေလှမ်းအတိုင်း ဖြစ်၊ပျက် သဘောတရားကိုရှုမှတ်နေသည့်ပုံစံမျိုးဖြင့်လမ်းလျှောက်‌နေပါသည့် ကောင်လေးတို့ကို သေချာပြူးပြဲကြည့်နေရ၏။

ကြည့်နေပေမယ့် ထူးခြားတာဟူ၍ မြူတစ်မှုန်လေးပင် မတွေ့ပါချေ။

သည်အတိုင်း စကားပြောရင်း လမ်းအတူတူလျှောက်နေတာလေးက ဘာတွေများ ထူးဆန်းသွားလို့ပါလဲ။ ဋီကာထွဋ်နိုင်တစ်ယောက် နားမလည်နိုင်စွာဖြင့် သိမ်မွေ့ဦးကိုပြန်ကြည့်၏။

သိမ်မွေ့ဦးမှာတော့ မျက်ခုံးနက်နက်ကလေးများကို လှပစွာတွန့်ချိူး၍ မျက်လုံးလေးများသည်တော့ မိုးရိပ်ညိုတို့ထံ၌ ကပ်ငြိနေဆဲပါပေ။

"ဒါကြောင့် ဒင်း အခုတလော ပျောက်ပျောက်သွားတာကိုး...."

"အင်...သူပျောက်သွားတာနဲ့ အဲ့ကောင်လေးနဲ့ ဘာဆိုင်လို့လဲ"
ဋီကာထွဋ်နိုင်တစ်ယောက် ထမင်းကြော်ကို ဘယ်ပြန်ညာပြန်မွှေနေရင်းမှ ထပ်မေး၏။

"အဲဒါမို့ နင် ရည်းစားမရတာ"
သိမ်‌မွေ့ဦးဟာ ထိုကဲ့သို့ ပျစ်ပျစ်နှစ်နှစ်ပြောချလိုက်သည်မို့ ဋီကာထွဋ်နိုင်တစ်ယောက် ဝါးလက်စထမင်းပင် နင်သွားသလို ခံစားလိုက်ရ၏။

OASIS [COMPLETE]Where stories live. Discover now