🌵၃🌵

279 17 3
                                    

စိတ္တဇနာမ်လေး....

သည်နေ့ဟာ စနေနေ့ဖြစ်သည်မို့ ကန္တာဦးနေထိုင်နေသည့်အိမ်၌ လူစုံတက်စုံဖြစ်နေပါ၏။ ထို့အလျောက် ဆူညံနေသည်မှာလည်း ပုစဉ်းရင်ကွဲတွေအကုန်လုံး သည်အိမ်လေးအတွင်း ရောက်နေသလိုလိုပါ။

သည်အိမ်၏ အခရာသည် ဒေါ်သီတာဆွေဖြစ်၏။ သူမ၏ယောက်ျား-ဦးတိုးမောင်နှင့် ကန္တာဦး၏မိခင်သည် ဆွေမျိုးတော်စပ်သည်ဟု ဆိုရရုံမျှလေး တော်စပ်၏။ သို့သော် ဦးတိုးမောင်သည်ကား အညာသားများပီပီ ရပ်ရွှေရွာမျိုး၊ ဆွေမျိုးများကို ခင်မင်တတ်သည့်အတွက် သူ့ကို တူအရင်းလို စောင့်ရှောက်ပေး၏။

"ဟား...ဘူပြန်ပြီကွာ!"
ဤသည်မှာတော့ ကန္တာဦးထက် (၄)နှစ်သာကြီးတဲ့ သည်အိမ်၏သားကြီးဩရသ ကိုနိုင်လင်းဆွေဖြစ်သည်။

ကို‌နိုင်လင်းဆွေ။

ထိုသူသည် ကန္တာဦး သတိထားရမည့်သူတစ်ယောက်ဖြစ်၏။ ကန္တာဦးတစ်ယောက် သည်အိမ်သို့ရောက်လာစဉ်ကတည်းက ထိုသူသည် သူ့အား မထီတရီစကားများပြောတတ်သလို၊ တစ်ခါတစ်ရံဆို သူရေချိုးချိန်၌ အတူတူဝင်ချိုးရင်း ဆပ်ပြာတိုက်ပေးခိုင်းတာမျိုးအထိ လုပ်ခိုင်းတတ်၏။

ခက်တော့လည်းခက်သည်။

အခြားယောက်ျားလေးတွေလို အရက်မသောက်၊ ဘီယာမသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းယာမစား၊ ယုတ်စွအဆုံး လက္ဘက်ရည်ဆိုင်တောင် ဖြစ်မြောက်အောင် မထိုင်သည်နှင့် အခြောက်ဟု ခေါ်ချင်ကြသည်။ ယောက်ျားလေးတွေသည်လည်း အသွေးနဲ့ကိုယ်၊ အသားနှင့်ကိုယ်မို့ အိမ်မှုကိစ္စအပါအဝင် ပန်းတစ်ပွင့်ကို မြတ်နိုးခွင့်အထိ ရွေးချယ်ခွင့်ရှိ၏၊ ချစ်မြတ်နိုးခွင့်ရှိ၏။ ဤသည်ကို သူတို့နားမလည်ကြဘူးထင်...။

သူသည် သည်အိမ်သို့ရောက်လာစဉ်ကတည်းက ကိုယ့်ထမင်းဟင်းကို ကိုယ့်ဘာသာချက်ပြုတ်စားရ၏။ ထို့အပြင် အိမ်လခကိုပင် တစ်လလျှင်(၄)သောင်းနှုန်းနှင့်ပေးရသည်။ ဤသည်ကား ကိစ္စတော့မရှိပါချေ။ သို့သော် ဤကိစ္စကို ကန္တာဦး၏မိဘများနှင့် ဦးလေးဦး‌တိုးမောင်မသိ။ ဤသည်မှာ ဒေါ်သီတာဆွေ၊ ကိုနိုင်လင်းဆွေနှင့် ကန္တာဦးတို့ကြားမှ ကိစ္စတစ်ခုဖြစ်၏။

OASIS [COMPLETE]Where stories live. Discover now