🌵၄၃🌵

126 8 0
                                    

စာ

*ဒုန်း ဒုန်း ဒုန်း!!

ဆူဆူညံညံအသံတွေကြောင့် ကန္တာဦးတစ်ယောက် လန့်နိုးလာ၏။ အိပ်မှုန်စုံမွှားမျက်လုံးများဖြင့် ဘေးကုတင်ကိုလှမ်းကြည့်မိရင်း လွတ်နေသောကုတင်ကိုမြင်မှ အစ်ကို့ကို အတင်းနှင်ထုတ်ထားတာမှန်း သတိရသည်။

ပြင်ပမှအသံတွေက ဗလုံးဗထွေးမို့ ဘာတွေပြောနေသည်လဲ မသိရ။ တစွန်းတစဖြင့် ကြားတာတော့ ကိုဗစ်သတင်းလိုလိုပါပင်။ ထို့အတွက် ဖုန်းကိုကောက်ဖွင့်၍ လိုင်းဖွင့်ကြည့်တော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်လူနာနှစ်ဦး တွေ့ပြီဖြစ်ကြောင်း သတင်းတက်လာခြင်းနှင့်အတူ စာမေးပွဲများကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားသော Statementများကိုပါ တွေ့ရသည်။

*Di...Di...Di...

တရစပ်တုန်ခါနေတဲ့ဖုန်းကိုငုံ့ကြည့်မိတော့ အံ့ဩရ၏။

"ကန္တာဦး! မိုးလင်းတာနဲ့ အိမ်ကို ချက်ချင်းပြန်လာခဲ့! ကြားလား"

တစ်ချက်လွှတ်အမိန့်ရဲ့အဆုံး ခေါ်ဆိုမှုဟာ ပြတ်တောက်သွားခဲ့ပြီပင်။ သို့သော် မပြတ်တောက်နိုင်သည်က သံယောဇဉ်များ...။

ဤအခန်းလေးကိုရောက်တာ လပိုင်းမျှသာ ရှိသေးသော်ငြား သံယောဇဉ်က တွယ်နှင့်ခဲ့ပြီးပြီ။ ပြတင်းပေါက်ဘောင်ပေါ်က များမကြာမီကာလများမှာ အစုလိုက်အပြုံလိုက် ပွင့်လာတော့မယ့် ဒေစီပန်းအိုးကလေး၊ သူ့နေရာနဲ့သူ စီရရီရှိနေတဲ့ ပစ္စည်းတွေ၊ ယမန်နေ့ညက ကျက်လက်စ စာအုပ်တွေ...အစရှိသဖြင့် အရာရာက သံယောဇဉ်တွယ်ချင်စရာအတိပါပဲ။

သို့သော်လည်း မတတ်နိုင်သည့် အခြေအနေများတွင်တော့ ထိုအရာများကို ဖြတ်တောက်ရမည်သာ။

ကန္တာဦးတစ်ယောက် လေးလံထိုင်းမှိုင်းနေသည့် စိတ်အစဉ်ကို မျက်ကွယ်ပြုရင်း မျက်နှာသစ် ကိုယ်လက်သန့်စင်၏။ ပြီးနောက် မိမိ၏ အလွန်နည်းပါးလှသည့် တစ်ကိုယ်ရည်တကာရ ပစ္စည်းများကို သေတ္တာထဲသို့ထည့်သိမ်းလိုက်ရသည်။

"Bee"

"....ဗျာ"

နှလုံးအိမ်အထိ ရင်းနှီးနေတဲ့အသံကြောင့် အကျင့်ပါစွာ ပြန်ထူးမိပြီးမှ ကန္တာဦးသည် အခန်းပေါက်ဝသို့ အလန့်တကြားကြည့်မိလိုက်၏။

OASIS [COMPLETE]Where stories live. Discover now