🌵၄၀🌵

168 11 6
                                    

မေတ္တာကြိုးထုံးကလေး

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ပျံ့နှံ့လာသော ဝူဟန်ဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံး တုန်လှုပ်ခြောက်ခြားနေရတော့သည်။

ရက်ပိုင်းအတွင်းမှာပဲ ထိုဗိုင်းရပ်စ်က ကမ္ဘာ့နိုင်ငံအနှံ့အပြားကို ရောက်ရှိနေကာ ဥရောပတစ်ခွင်မှာဆို ကူးစက်မှုအရမ်းများပြားသလို သေဆုံးသူဦးရေဟာလည်း သောင်းဂဏန်းအထိရှိလာပြီဖြစ်၏။

ဗိုင်းရပ်စ်၏ ဝိသေဿလက္ခဏာက နှာချေချောင်းဆိုးခြင်းနဲ့ အပြင်အထန်ဖျားနာခြင်း၊ အနံ့အရသာတို့ ပျောက်ဆုံးခြင်း၊ ပြီးတော့ လည်ချောင်းနာခြင်း။ သို့သော် ကိုယ်ခံအားကောင်းပါလျှင် ရက်ပိုင်းအတွင်း ပြန်လည်သက်သာနိုင်သည်။

ကိုယ်ခံအားကောင်းပါလျှင်.....။

အကယ်၍ ယခုချက်ချင်းဆိုသလို ထိုရောဂါပိုးသာ မြန်မာနိုင်ငံကိုရောက်လာပါက ပထမဦးဆုံး ကူးစက်မည့်သူဟာ ကန္တာဦးပါပဲ။

(၄)ရက်...။

သူနဲ့ မိုးရိပ်ညို မတွေ့ရတာ (၄)ရက်ပင် ရှိခဲ့ပြီ။

ထိုနေ့က အဆောင်ကိုရောက်တော့ မိုးရိပ်ညိုဟာ သူ့ရဲ့ တစ်ကိုယ်ရေတစ်ကာယအသုံးအဆောင်ဟူသမျှနှင့် အဝတ်အစားဟူသမျှကို အကုန်သိမ်းကျုံးထည့်ကာ ကန္တာဦးကိုတောင် နှုတ်ဆက်မသွားဘဲ ပြန်သွားခဲ့တာဖြစ်၏။

တနင်္လာနေ့မှာလည်း ကန္တာဦးကို လာခေါ်ခြင်းမရှိ၊ အဆောင်ကို ပြန်ပို့ခြင်းမရှိ။ နေ့လည်စာစားဖို့ သတိပေးခြင်းလည်းမရှိသလို ညနေဘက်တွေ ရေမချိုးဖို့လည်း မမှာကြားတော့ပေ။ ထို့အပြင် ညဘက်မှာလည်း ဖုန်းဆက်မလာခဲ့။ မနက်လင်းလျှင်လည်း ဖုန်းဆက်ပြီး မနှိုးတော့။

အမြဲတစေ ရရှိနေကျအရာတွေနဲ့ ယတိပြတ် ဖြတ်တောက်ခံလိုက်ရသည့် ကန္တာဦးမှာ အစာဝအောင်ကျွေးပြီးမှ သတ်စားခံရမည့် ခြံထဲက ဝက်တစ်ကောင်လိုမျိုး ရွာလည်နေရတော့သည်။

ယခုတော့ ကန္တာဦးတစ်ယောက် နောက်ဆုံးနှစ်အခန်းနားရှိ ထောင့်ချိုးနေရာလွတ်လေးမှာ မတ်တပ်ရပ်နေခြင်းပါ။

OASIS [COMPLETE]Where stories live. Discover now