🌵၈🌵

210 17 10
                                    

မည်မျှအထိ မြဲမြံစေချင်လဲဆိုလျှင်.....


"ကျစ်! ငါက ဘာအရေးပါလို့ အစ်ကိုက ငါ့စကားကို မှတ်ထားမှာလဲ"

ကန္တာဦးတစ်ယောက် ခြုံ‌ထားသည့်စောင်ကို ကန်ထုတ်လိုက်ရင်းမှ ငုတ်တုတ်ထထိုင်သည်။ ထို့နောက် အသင့်ဆောင်ထားသည့်ရေဘူးကိုဖွင့်လျက် ရေတစ်ငုံသောက်လိုက်၏။ သို့သော်ငြား စိတ်ညစ်ညူးမှုများဟာ ပျောက်ကွယ်မသွားပါသေးဘဲ ရင်ထဲ၌ တဝဲလည်လည်ဖြင့် လှည့်လည်သွားလာနေပါသေးသည်။

"ငါကိုက မျှော်လင့်လွန်းနေတာနေမှာပါ။ တကယ်ဆို သူက မောင်နှမသားချင်းမရှိလို့ ညီလေးတစ်ယောက်လို သဘောထားတာလည်းဖြစ်နိုင်တာပဲ။ ဒါပေမဲ့......"

ဒါပေမဲ့ သူနှင့်အကြိမ်ကြိမ်ဆုံသည့် အစ်ကို့မျက်လုံးတွေမှအကြည့်များက အစ်ကိုတစ်ယောက်က ညီတစ်ယောက်ကို ကြည့်တတ်သည့်အကြည့်များမှမဟုတ်လေဘဲ။

ထိုအကြည့်များကို ဦးနှောက်က တိတိပပအဓိပ္ပါယ်မဖွင့်ဆိုနိုင်သော်လည်း၊ နှလုံးသားနှင့်မျက်လုံးများကတော့ အချင်းချင်းနားလည်နေခဲ့ပုံပေါ်ပါသည်။

"ဟူး...!"

လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ရင်းမှ လက်ကနာရီကိုငုံ့ကြည့်‌မိတော့ (၁၂)ထိုးဖို့အတွက် မိနစ်အနည်းငယ်သာလိုပါတော့၏။ သို့သော် သည်ညမှမဟုတ်၊ ကျန်သည့်အထိမ်းအမှတ်ညများသည်လည်း ကန္တာဦးအတွက်တော့ သာမန်ညတွေလိုပါပဲ။ ပြောရမယ့်သူဟူ၍လည်း မယ်မယ်ရရမှ မရှိလေဘဲ။ ငယ်သူငယ်ချင်းနှစ်ယောက်မှလွဲ၍ သူ့၌ တွယ်တာစရာဟူ၍လည်း များများစားစားတော့မရှိ။ ယခုတော့ အစ်ကိုနှင့်လွမ်းဝေကို ထပ်ပေါင်းထည့်ရပါမည်။

ရုတ်တရက်ဆန်ဆန်ပါပဲ....။

ခေါင်းအုံးဘေး၌ချထားသည့်ဖုန်းဟာ Notificationသံတစ်ချက်မြည်လျက် SMSတစ်စောင်ဝင်လာသည်မို့ Screenလည်း လင်းသွားလေသည်။ သို့သော်လည်း သူ့ထံသို့ တကူးတကပို့မည်သူမရှိတာမို့ အမှုမဲ့အမှတ်မဲ့ထားလိုက်မည်ဟု တွေးတောနေစဉ်မှာပဲ နောက်ထပ်တစ်စောင်ထပ်ဝင်လာလေသည်။ ထို့နောက် နောက်ထပ်တစ်စောင်.....။ သုံးစောင်တိတိဝင်လာချိန်တွင်တော့ ကန္တာဦးတစ်ယောက် ဖုန်းကို ကောက်ယူ၍ကြည့်ရပါတော့သည်။

OASIS [COMPLETE]Where stories live. Discover now